ကမ္ဘာ့မြေပုံပေါ်မှာ အမဲလိုက်ကြသူများ
ကမ္ဘာ့မြေပုံပေါ်မှာ အမဲလိုက်ကြသူများ - စေတ (သရုပ်ဖော် - မြင့်လှိုင်)
လူတွေအားလုံးကို ချမ်းသာအောင် လုပ်ပေးဖို့ မလွယ်တော့
ငါ့တကိုယ်စာပဲ ချမ်းသာအောင် လုပ်တော့မယ်ဆိုတဲ့
အတွေးများ ၀င်သွားကြလား
တံလျှပ်ကို ရေထင်တာ ခုမှ မဟုတ်ပဲ။ လူတွေဟာ
ရှေးပဝေသဏီထဲက
အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
စစ်အတွင်းကလဲ အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
လွတ်လပ်ရေးရပြီးတော့လဲ အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
အခုလဲ အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
နောင်လဲ အရောင်းအ၀ယ်တွေ ဖြစ်ကြ
ဒါပေမဲ့
ကိုယ့်ကိုယ်ကိုယ် မရောင်းမိအောင်တော့ သတိထားကြ။ ဒီလိုနဲ့ပဲ စစ်ကို ဘေးမှာထားပြီး အရှာထွက်ခဲ့ကြ
အဖြေမရှိ ဘာမရှိ တွက်ခဲ့ကြတဲ့ ပုစ္ဆာ
ကော်ဖီသောက် မပျက်
အမဲလိုက် မပျက်
ရော့ သတင်းစာ ဖတ်ပါ
ရော့ ဆေးတံ သောက်ပါ
စစ်ကို ဖြစ်ရိုးဖြစ်စဉ်တခုလို ခင်ဗျား သဘောထားသလား
တယောက်နဲ့ တယောက် အငြင်းပွားကြ
သူ့ခမြာမှာတော့ ဘာမှ မရှိရှာဘူး တဲ့
ဒါပေမဲ့ ဘာမှ မရှိတာက
ရှိတာထက် ပိုပြီး တန်ဘိုး မကြီးဘူးလေ။ မုန်တိုင်းတွေ ခဏခဏ ကြုံတွေ့နေရပေမယ့်လည်း
သူတို့ရဲ့ ရွှေရောင်ကမ်းခြေကလေးကို
သူတို့ မစွန့်လွှတ်နိုင်ခဲ့ကြ
မိုင်ယာမီကမ်းခြေက ဒေသခံလူတွေလို
မုန်တိုင်းမလာမီကလေးမှာ
ကိုယ့်အိမ်ကိုယ် ကာကြ
အမိုးတွေ ပြင်ကြ
ကိုယ့်တပ်တွေကိုယ် ပြင်ဆင်ကြ
ဘုရားသခင်ကတော့
ရာသီဥတုကို ခေတ်မီ ဆန်းပြားတဲ့ လက်နက်တွေ
မတပ်ကောင်းရာဘူး။ ။ စေတ
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)
ငါ့တကိုယ်စာပဲ ချမ်းသာအောင် လုပ်တော့မယ်ဆိုတဲ့
အတွေးများ ၀င်သွားကြလား
တံလျှပ်ကို ရေထင်တာ ခုမှ မဟုတ်ပဲ။ လူတွေဟာ
ရှေးပဝေသဏီထဲက
အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
စစ်အတွင်းကလဲ အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
လွတ်လပ်ရေးရပြီးတော့လဲ အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
အခုလဲ အရောင်းအ၀ယ်တွေ ဖြစ်ခဲ့ကြ
နောင်လဲ အရောင်းအ၀ယ်တွေ ဖြစ်ကြ
ဒါပေမဲ့
ကိုယ့်ကိုယ်ကိုယ် မရောင်းမိအောင်တော့ သတိထားကြ။ ဒီလိုနဲ့ပဲ စစ်ကို ဘေးမှာထားပြီး အရှာထွက်ခဲ့ကြ
အဖြေမရှိ ဘာမရှိ တွက်ခဲ့ကြတဲ့ ပုစ္ဆာ
ကော်ဖီသောက် မပျက်
အမဲလိုက် မပျက်
ရော့ သတင်းစာ ဖတ်ပါ
ရော့ ဆေးတံ သောက်ပါ
စစ်ကို ဖြစ်ရိုးဖြစ်စဉ်တခုလို ခင်ဗျား သဘောထားသလား
တယောက်နဲ့ တယောက် အငြင်းပွားကြ
သူ့ခမြာမှာတော့ ဘာမှ မရှိရှာဘူး တဲ့
ဒါပေမဲ့ ဘာမှ မရှိတာက
ရှိတာထက် ပိုပြီး တန်ဘိုး မကြီးဘူးလေ။ မုန်တိုင်းတွေ ခဏခဏ ကြုံတွေ့နေရပေမယ့်လည်း
သူတို့ရဲ့ ရွှေရောင်ကမ်းခြေကလေးကို
သူတို့ မစွန့်လွှတ်နိုင်ခဲ့ကြ
မိုင်ယာမီကမ်းခြေက ဒေသခံလူတွေလို
မုန်တိုင်းမလာမီကလေးမှာ
ကိုယ့်အိမ်ကိုယ် ကာကြ
အမိုးတွေ ပြင်ကြ
ကိုယ့်တပ်တွေကိုယ် ပြင်ဆင်ကြ
ဘုရားသခင်ကတော့
ရာသီဥတုကို ခေတ်မီ ဆန်းပြားတဲ့ လက်နက်တွေ
မတပ်ကောင်းရာဘူး။ ။ စေတ
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)
ခံစားချက် - ကမ္ဘာ့မြေပုံပေါ်မှာ အမဲလိုက်ကြသူများ - May 31 2012 12:25 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
စေတ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

