ကျန်စစ်သား ငါ့ကို ခိုးပြီ
ကျန်စစ်သား ငါ့ကို ခိုးပြီ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
၁။
နေ့တွေ ညတွေ
နေတွေ လတွေ
တရွေ့ရွေ့တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့ လဲ။ ၂။
ဘယ်လို ခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ခြောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား။
ဇာတ်တူသားစားတဲ့ လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။
မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်း လွယ်တဲ့
ဦးဆွေးဆံမြေ့ အမှုထမ်းလိုသူများရဲ့
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ်။ ၃။
ကံကို ယုံပြီး ဆူးပုံ မနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ်။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရား စောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့
ကျန်စစ်သား - ငါ့ကို ခိုးပြီ ဆိုစကား
မင်းတို့နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ထိုက်နဲ့  မင်းတို့ကံ
ခွေးသေဝက်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြုခံကြပေတော့။ ၄။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလို တွေး
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်း ပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်း ပေး
ဖျက်သိမ်း ပေး ဖျက်သိမ်း ပေး အရာများစွာ
ရွှေဂုံတိုင် ကြေငြာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့ အသက် ဖြစ်တယ်။ ။ ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄
နေ့တွေ ညတွေ
နေတွေ လတွေ
တရွေ့ရွေ့တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့ လဲ။ ၂။
ဘယ်လို ခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ခြောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား။
ဇာတ်တူသားစားတဲ့ လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။
မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်း လွယ်တဲ့
ဦးဆွေးဆံမြေ့ အမှုထမ်းလိုသူများရဲ့
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ်။ ၃။
ကံကို ယုံပြီး ဆူးပုံ မနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ်။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရား စောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့
ကျန်စစ်သား - ငါ့ကို ခိုးပြီ ဆိုစကား
မင်းတို့နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ထိုက်နဲ့  မင်းတို့ကံ
ခွေးသေဝက်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြုခံကြပေတော့။ ၄။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလို တွေး
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်း ပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်း ပေး
ဖျက်သိမ်း ပေး ဖျက်သိမ်း ပေး အရာများစွာ
ရွှေဂုံတိုင် ကြေငြာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့ အသက် ဖြစ်တယ်။ ။ ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄
သဘောထားအမြင် - ကျန်စစ်သား ငါ့ကို ခိုးပြီ ရဲရင့်သက်ဇွဲ - May 31 2012 12:18 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

