ကျန်စစ်သား ငါ့ မခိုးဘူး
ကျန်စစ်သား ငါ့ မခိုးဘူး - မောင်သာချို (သရုပ်ဖော် - မြင့်လှိုင်)
နောက်ဆုံးခံတပ် ကို
ငါ့ရင်ဘတ်နဲ့ ဆောက်ထားတယ်။ ကမ္ဘာမြေကို စိတ်ကုန်နေပေမယ့်
ယုံကြည် တပ်မက်
ငါ့ စိုက်ကွက်ထဲမှာတော့
နှင်းဆီတွေက ကြိုင်တုန်း လှိုင်တုန်းပါ ပဲ။ သံပုရာကိုလဲ ကြိုးကြာဥ
ရှောက်သီးကိုလဲ ကြိုးကြာဥ
ရှင်မောဂ္ဂလန်ရဲ့ အတိတ်ဝတ္ထုလို ပေါ့။ ရမ်းကုတွေရဲ့ အာရောဂျံမှာ
ဆေးသိပံ္ပတောင် ဒဏ်ရာ အနာတရ ဖြစ်သွားရတယ်
ကြက်ဆင်တွေကလဲ
ခရစ်စမတ်ညကို ထောက်ခံကြ
ကျန်စစ်သား ငါ့ ခိုးတယ်ဆိုတဲ့ စကားကို
ဝက်ဝံကြီးတွေဆီက ကြားတော့
ငါ့နှင်းဆီတွေတောင်
လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ ပြီးတော့လည်း ပြန်လည် နီးစွေး
ပြန်လည် မွှေးကြိုင်
ခူးလို့ ဆွတ်လို့  မနိုင်အောင်ပါပဲ။ နောက်ဆုံးခံတပ်ကို
ငါ ရင်ဘတ်နဲ့ ဆောက်ပြီး
ကဗျာရေးရင်း စောင့်မယ်။ မောင်သာချို (တောင်ပံခတ်သံ အမှတ် (၄) ၂၀၀၂ သြဂုတ် မှ)

ခံစားချက် - ကျန်စစ်သား ငါ့ မခိုးဘူး မောင်သာချို - May 31 2012 12:08 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
မောင်သာချို ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012