ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း
ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း - ကြည်ဇော်အေး (သရုပ်ဖော် - မြင့်လှိုင်)
အစားအစာ စားရင်း
အစားဟောင်း စွန့်ရင်း
ချာချာလည်ရင်း
မင်းတို့ ငါတို့သည်လည်း ပေါ့ပေါ့နေ ပေါ့ပေါ့စား လမ်းများဆီ အလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား အိပ်ယာများဆီ အလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား သင်တန်းများဆီ အလုအယက် မင်းတို့ ငါတို့သည်လည်း ဘာလုပ်ရမှန်းမသိ မှောက်ချည်လှန်ချည်ဆိုတော့
အဆွေးသမားတယောက်ဖြစ်ဖို့ အမြဲ အဆင့်သင့်ဖြစ်နေတဲ့
ရာသီဥတုမှာ ဆွေးပေါ့
ပထွေးနှိပ်စက်လို့ပါဆိုတဲ့ ကလေးမလောက်တောင်
ဈေးခေါ်လို့မကောင်းတော့ ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း ဆွေးပေါ့ အ၀တ်အထည်များနှင့် အတူတကွ
ဆွေးပေါ့ စာချုပ်စာတမ်းများနှင့် အတူတကွ
ဆွေးပေါ့ နာရေးကြော်ငြာများနှင့် အတူတကွ မင်းတို့ ငါတို့သည်လည်း စိုးစိတ်နှင် ခပ်မဆိတ်
ဦးဆွေးဆံမြေ့သစ္စာစောင့်သိ ခဲ့ရတော့
အရိုးလည်း ဆွေးပေါ့
ဆွေးလို့ သေတဲ့မသာဆိုတာ မရှိသေးတော့
ဆွေးလို့ သေတဲ့ မသာရှိလာတဲ့အထိ အဆွေးကြီးဆွေး ပေါ့ မင်းတို့ ငါတို့သည်လည်း ဆွေးနေတဲ့သီချင်းများကို နားထောင်ရင်း
ဆွေးနေတဲ့ ကြမ်းများကို နင်းကြရင်း
ဆွေးနေတဲ့ ဓားများကို သွေးကြရင်း ကြည်ဇော်အေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)

ခံစားချက် - ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း ကြည်ဇော်အေး - May 31 2012 11:05 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကြည်ဇော်အေး ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012