ပထ၀ီ (ဒါမှ မဟုတ်) သမိုင်း နိုင်ငံရေး
ပထ၀ီ (ဒါမှ မဟုတ်) သမိုင်း နိုင်ငံရေး - ခင်အောင်အေး (သရုပ်ဖော် - မြင့်လှိုင်)
မျက်ရည် တဥဟာ
သမိုင်းတခုပါ ပဲ မင်း အဲ့ဒီနေရာမှာ
ငုတ်တုတ် ထိုင်နေဆဲလား တောင်တန်းများ အဖြစ်
တွန့်ခေါက် သွားခဲ့ရဲ့ ပင်လယ်သမုဒ္ဒရာကြီးများ အဖြစ်
ချိုင့်ခွက် သွားခဲ့ရဲ့ ‘ ဒီမိုး မှောင်တုန်း မောင် ပုန်းပါရစေ ခင် -’
သံစဉ် နွဲ့ခဲ့ရဲ့ လူ့ယဉ်ကျေးမှုကို
ဂူထဲကနေ စ ရေတွက်ခဲ့ကြတယ်။ သတိ မမူတော့
ဂူကို မမြင်မိခဲ့ဘူး။ လိမ့်စီးသွားတဲ့ မျက်ရည် ဥ
ပြန်လု မသိမ်းနိုင်ခဲ့ဘူး။ ခင်ဗျားက ပထ၀ီ လို့ဆိုရင်
ကျုပ်က သမိုင်းလို့ပြောမယ်။ နောက်ဆုံးတော့
နိုင်တဲ့သူသာ သိမ်းကြုံး ယူငင်သွားလေရဲ့။ ။ ခင်အောင်အေး
၃၊ မေ၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၀း၅၃ နာရီ

ခံစားချက် - ပထ၀ီ (ဒါမှ မဟုတ်) သမိုင်း နိုင်ငံရေး ခင်အောင်အေး - May 16 2012 06:31 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ခင်အောင်အေး ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012