ပြေးလမ်းရဲ့ အဆုံးမှာ
ပြေးလမ်းရဲ့ အဆုံးမှာ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
တချို့
ဒရီးဒယိုင် တုန်တုန်ချိချိနဲ့ 
ပြေးလမ်းပေါ်ကို တက်လာကြတယ်။
ဟန်ပန်ကတော့ တာဝေးအပြေးသမား ဂိုက်အပြည့် နဲ့  တချို့
မသမာမှုကို
မင်းသားခေါင်း စွပ်လို့ 
ပြေးလမ်းပေါ် တက်လာကြတယ်။ တချို့
လေသံကြား တရားနာ
လေဖမ်း ဒန်းစီး
တော်၏ မတော်၏ သူ မသိ
ပြေးလမ်းပေါ် တက်လာကြတယ်။ တချို့
မမှန် မတရားမှုကို
အပြုတ်တိုက်မဟဲ့ တဲ့
ကိုယ်ခံအားကောင်းကောင်း မကောင်းကောင်း
စိတ်ကောင်းတခုနဲ့ 
ပြေးလမ်းပေါ် တက်လာကြတယ်။ အနိုင် အရှုံး ဆိုတာ
ပွဲပြီးမှ သိရမှာ
ပြေးလမ်းရဲ့ အဆုံးမှာ
တာဝေး အပြေးသမား
ဘာတွေများ ရသွားမလဲ။ ပြေးလမ်းအဆုံးမှာ
ညောင်သီးလဲ စား
လေးသံလည်း နားထောင် - ။ ရဲရင့်သက်ဇွဲ
၅ မေ ၂၀၁၂
ဒရီးဒယိုင် တုန်တုန်ချိချိနဲ့ 
ပြေးလမ်းပေါ်ကို တက်လာကြတယ်။
ဟန်ပန်ကတော့ တာဝေးအပြေးသမား ဂိုက်အပြည့် နဲ့  တချို့
မသမာမှုကို
မင်းသားခေါင်း စွပ်လို့ 
ပြေးလမ်းပေါ် တက်လာကြတယ်။ တချို့
လေသံကြား တရားနာ
လေဖမ်း ဒန်းစီး
တော်၏ မတော်၏ သူ မသိ
ပြေးလမ်းပေါ် တက်လာကြတယ်။ တချို့
မမှန် မတရားမှုကို
အပြုတ်တိုက်မဟဲ့ တဲ့
ကိုယ်ခံအားကောင်းကောင်း မကောင်းကောင်း
စိတ်ကောင်းတခုနဲ့ 
ပြေးလမ်းပေါ် တက်လာကြတယ်။ အနိုင် အရှုံး ဆိုတာ
ပွဲပြီးမှ သိရမှာ
ပြေးလမ်းရဲ့ အဆုံးမှာ
တာဝေး အပြေးသမား
ဘာတွေများ ရသွားမလဲ။ ပြေးလမ်းအဆုံးမှာ
ညောင်သီးလဲ စား
လေးသံလည်း နားထောင် - ။ ရဲရင့်သက်ဇွဲ
၅ မေ ၂၀၁၂
ခံစားချက် - ပြေးလမ်းရဲ့ အဆုံးမှာ ရဲရင့်သက်ဇွဲ - May 16 2012 05:13 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

