တဘဝစံများရဲ့ ဆုတောင်း
တဘဝစံများရဲ့ ဆုတောင်း - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
(၁)
ကျုပ်ဖြင့် တွေးမိပါတယ်
ဆုံကြုံ တွေ့ မြင် အသိများကြောင့်
သူတို့ တွေလေ -
မြန်မာပြည် ဒီမိုကရေစီ မရဖို့ အရေး (ဒို့ အရေး)
မြန်မာဒုက္ခသည်များ မ ပပျောက်ရေး (ဒို့ အရေး)
ဆိုပြီး ဦးတည်နေရော့သလား
ဘာသာကြီး (၄) ရပ်ရဲ့ ဘုရားရှင်တွေထံ
စုပြီး ဆုတောင်းနေရော့လား မသိ။ (၂) တရုတ် - ရှရှား (ကုလသမဂ္ဂ) မှာ ကန့် ကွက်
ဗီတိုအာဏာ သုံး မြန်မာ့ဒီမိုအရေး ပိတ်ဆို့ 
ဒါတွေဟာ ပြည်တွင်းရေးဆိုပြီး
အာဏာသိမ်း စစ်အုပ်ဘက် ရပ်တည်ခဲ့တယ်။ အိန္ဒိယ၊ မလေးရှား၊ ထိုင်း
ကမ္ဘာကို အော်တော့ တမျိုး
စစ်အုပ်စုကို ဆက်ဆံတော့ တဖုံ
ဒေါ်စုကို ချဉ်းကပ်တော့ တလီ
မြန်မာပြည်သား ဒုက္ခသည်များကို ထိတွေ့ တော့ တလွှာ
ကာလာတွေ လွှင့်နေလိုက်ပုံများ
ရောင်စဉ် ခုနစ်လွှာထက် ပိုကဲ။ မြန်မာရဲ့ အိမ်နီးချင်း မိတ်ကောင်းတွေ
မြန်မာ့သယံဇာတတွေကို အချောင် အုပ်
အောက်ဈေးနဲ့ ရသမျှ ကျုံးယူ
အောက်လမ်းနည်းနဲ့  ရသမျှ ပွေ့ ကျူ
မြန်မာဆီက ကုန်ကြမ်းဈေးနဲ့ သဲ့ခဲ့သမျှ
ကမ္ဘာ့ဈေးကွက်မဝင် သူတို့ အမှိုက်တွေကြ
မြန်မာပြည်ထဲ ဈေးကြီးကြီးရ စွန့်ပစ်နိုင်ဖို့ 
စစ်အုပ်စု ငဖျင်းတွေနဲ့ ပေါင်းမှ ဖြစ်မှာ သိ
သူတို့ နိုင်ငံ သူတို့ တိုးတက်ရေး တွက်
မြန်မာ ဒီမိုကရေစီ မရစေချင်ဘူး။ ဒါ - သူတို့ နိုင်ငံ သူတို့ တိုးတက်ရေး လုပ်တာမို့ 
အတ္တသဘောအရ ဖြေမယ်ဆို ဖြေသာပါရဲ့။ (၃) သူတို့ ကြတော့ကော
ထိုင်ခုံရ ပဲစားနဲ့  ကြံ့ဖွတ်တွေတချို့
ထိုင်ခုံပျောက်ရင် ခန္ဓာခြောက်မှာ စိုး ပြည်သူ ဘာဖြစ်ဖြစ်
မျိုးဆက်သစ်တွေ အစာငတ် ပညာမတတ်
အကျင့်ကောင်းတွေ ဖျက်ပစ်ဖို့ 
အောက်ခြေလူတန်းစားဘဝနဲ့ အညွန့် တုံးစေတုံး
တိုင်းပြည်ဘဏ္ဍာ ရသမျှ ဘုံးနိုင်ဖို့ သာ သိ
သူတို့ လဲ မြန်မာ ဒီမိုကရေစီ မရစေချင်ဘူး။ (၄) သူတို့ တင် ဘာဟုတ်သေး
ဒုက္ခသည်တွေ ပြ ငွေတောင်း
လခ ရမှ စေတနာပြကြတဲ့ အင်ဂျီအို တချို့
ဒုက္ခသည် ကူညီရေးထက်
ဒေါ်လာဈေး အတက်အကျပဲ စိတ်ဝင်စား
အမလေး - ကျေးဇူးရှင်များရေ့
သာဓု (၁) ကြိမ် ခေါ်လို့ 
သာဓု (၂) ခါ လျှိုထားလိုက်မယ်
သူတို့ လဲ မြန်မာ ဒီမိုကရေစီ မရစေချင်ဘူး။ (၅) သူတို့ တင်မကသေး
နာမည်ရ နိုင်ငံရေး (လုပ်စား) အဖွဲ့တချို့တွေ၊
ဒုက္ခသည်ပျောက်ရင် ဒုက္ခရောက်မယ့်
အင်္ဂလိပ်စာတတ် တချို့တွေ၊
လက်နက်မှောင်ခိုနဲ့  လက်နက်ပွဲစား လုပ်သူတွေ၊
ငွေမည်းကို ခဝါချပေးတဲ့  စင်္ကာပူက ဘဏ်တချို့တွေ၊
မြန်မာပြည်မှာ အပစ်အခတ်တွေ ရပ်
ဒီမိုကရေစီ အစစ် ရသွားရင်ဖြင့်
ပုံပြင်ထဲက ရွှေဥတနေ့ တလုံး အုပေးတဲ့ ငန်း သတ်မိတာထက် ဆိုးပေမပေါ့လို့  တွက်
မြန်မာ ဒီမိုကရေစီ မရစေချင်ဘူး။ (၆) မြန်မာ့ ဒီမိုကရေစီရေးအတွက်
ဘဝလဲ ဖျက် ဆန္ဒပျက် ခဲ့
မိသားစု ဝေးသူ၊ ထောင်ထဲ ဆွေးသူ
ရှင်နေလျက်နဲ့ ဘဝသေနေသူတွေရဲ့
သမိုင်းကို စု၊ ဓာတ်ပုံပြုလို့ 
ပိုစတာတွေ ထောင်၊ အခမ်းအနားတွေ လုပ်
လုပ်စား ခုတ်စားခဲ့ကြသူတချို့တွေလဲ
မြန်မာ ဒီမိုကရေစီ မရစေချင်ဘူး။ (၇) ပြည်တွင်းမှာ ကြံ့ဖွတ်နဲ့ စစ်အုပ်စု တချို့
ပြည်ပမှာဆိုလဲ ဝါဝါမြင်တိုင်း ရွှေထင်လို့  မဖြစ်
“ဒုက္ခသည်ဖြစ်ရေး ဒို့ အရေး” သန္ဓိဌာန်
လိမ်နည်းစုံ နွှဲ ဒုက္ခသည် အတုတွေလဲ
သူကိုယ်တိုင်နဲ့ သူ့ သား၊ မယား၊ ဆွေမျိုးတွေ တတိယနိုင်ငံ ရောက်ဖို့ 
မြန်မာ ဒီမိုကရေစီ မရစေချင်ဘူး။ (၈) အန်တီစု၊ မင်းကိုနိုင်နဲ့ (၈၈) မျိုးဆက်များ
ယုံကြည်ချက်နဲ့  လက်နက်ကိုင်ခဲ့ အေဘီများ
ကိုဇာဂနာ၊ ကိုဇင်ဝိုင်းနဲ့  အနုပညာရှင်တချို့
ကိုမွန်းအောင်၊ ကိုထူးအိမ်သင်၊ ကိုရဲလွင် ဆိုတီးများ
(၈၈)၊ (၂၀၀၇) ဘုန်းဘုန်းများနဲ့ နေဘုန်းလတ်
ဇေယျာသော်နဲ့ မျိုးဆက်သစ်အုပ်စု
ကိုထင်ကျော်၊ မစုစုနွေး နဲ့ 
နာရေးဆို အခါမနှေးတဲ့ ကိုကျော်သူတို့ ရေ -
ပုံရိပ်တွေတိုင်း ပုံရိပ်စစ် မထင်ပါနဲ့ 
ပုံရိပ်ယောင် ပုံရိပ်တု ပုံရိပ်ပြုတွေ
တံလျှပ်နဲ့  ကောက်ရိုးမီးတွေ ရှိခဲ့ ရှိရဲ့။ ကျုပ် ပြောခဲ့သလိုပဲ (ဒုက္ခသည် ပျောက်ရင် ဒုက္ခရောက်မယ့်သူတွေ ရှိ
ဒီမိုကရေစီရရင် ကိုယ့်မြား ကိုယ့်ပြန်လှည့်မှာသိလို့ 
မြန်မာပြည်သားတွေ ဘာဖြစ်ဖြစ်
သူတို့ အနေချောင် ဇိမ်ယစ်ဖို့ အရေးအတွက်
ဆုတောင်း မှားနေကြတဲ့ တဘဝစံများ)
တကယ် ရှိတာ တကယ် သိကြစေသား။ ။ ကျော်ဟုန်း

သဘောထားအမြင် - တဘဝစံများရဲ့ ဆုတောင်း ကျော်ဟုန်း - Apr 17 2012 02:21 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012