ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ
ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
နှင်းပွင့်တွေက မြေပြင်ပေါ်ကို
အရှိန်ပြင်းပြင်း ပြေးဆင်းလာကြတယ်။
လေအဝှေ့ မှာ အအေးဓာတ်က
အရိုးထိအောင် ထိုးထဲ့လိုက်သလိုမျိုး
ခြောက်သွေ့ နေတဲ့ မြေပြင်ကတော့
ငိုပွဲ ဆင်နေလေရဲ့။ ငါ ရောက်နေတဲ့ အရပ်ကနေ
အလွမ်းတွေ ကိုင်း ကူးဆက်
ဖူးပွင့်လာတဲ့ ဝေဒနာ
ပိတောက်ဝါ
ပိတောက်ဝါ
ဒို့ ရေ ဒို့ မြေမှာ
အတာရေလောင်း ချမ်းမြေ့စေကြောင်း ဆုတောင်းပြီ ။ နှစ်ကာလများ
သတိရတမ်းတမိပေါ့
ဒီမှာတော့
ဆောင်းအကုန် နွေအကြိုညများမှာ
ငါ့ - ပြူတင်းမှမြင်ရတဲ့ လမင်း
ပိတောက်ဝါအရောင်နဲ့ 
ထိန်ထိန်တောက်လို့  ငါ ဒီနေ့ တနေ့ လုံး
ငါ - အထီးကျန် အဖေါ်မဲ့ ရေခံဖုံးမြေအပေါ်မှာ
ပိတောက်တွေကို အလွမ်းတွေနဲ့ ဖုံး
အလွမ်းတွေကို ပိတောက်တွေနဲ့ ဖုံးနေတုန်း
တံခါးခေါက်သံ ကြားတယ်
နေအောင်ရယ် ခင်သန်းနုရယ် ဇင်ဝိုင်းနဲ့ 
မေသန်းနု သီတာသိမ့် ဖော်ဝမ်းတို့ 
ရေတွေ ရွှဲရွှဲစိုလို့ 
ငါ့ - အိမ်ရှေ့မှာ - ။ ရဲရင့်သက်ဇွဲ
၁၃၀၄၂၀၁၂
အရှိန်ပြင်းပြင်း ပြေးဆင်းလာကြတယ်။
လေအဝှေ့ မှာ အအေးဓာတ်က
အရိုးထိအောင် ထိုးထဲ့လိုက်သလိုမျိုး
ခြောက်သွေ့ နေတဲ့ မြေပြင်ကတော့
ငိုပွဲ ဆင်နေလေရဲ့။ ငါ ရောက်နေတဲ့ အရပ်ကနေ
အလွမ်းတွေ ကိုင်း ကူးဆက်
ဖူးပွင့်လာတဲ့ ဝေဒနာ
ပိတောက်ဝါ
ပိတောက်ဝါ
ဒို့ ရေ ဒို့ မြေမှာ
အတာရေလောင်း ချမ်းမြေ့စေကြောင်း ဆုတောင်းပြီ ။ နှစ်ကာလများ
သတိရတမ်းတမိပေါ့
ဒီမှာတော့
ဆောင်းအကုန် နွေအကြိုညများမှာ
ငါ့ - ပြူတင်းမှမြင်ရတဲ့ လမင်း
ပိတောက်ဝါအရောင်နဲ့ 
ထိန်ထိန်တောက်လို့  ငါ ဒီနေ့ တနေ့ လုံး
ငါ - အထီးကျန် အဖေါ်မဲ့ ရေခံဖုံးမြေအပေါ်မှာ
ပိတောက်တွေကို အလွမ်းတွေနဲ့ ဖုံး
အလွမ်းတွေကို ပိတောက်တွေနဲ့ ဖုံးနေတုန်း
တံခါးခေါက်သံ ကြားတယ်
နေအောင်ရယ် ခင်သန်းနုရယ် ဇင်ဝိုင်းနဲ့ 
မေသန်းနု သီတာသိမ့် ဖော်ဝမ်းတို့ 
ရေတွေ ရွှဲရွှဲစိုလို့ 
ငါ့ - အိမ်ရှေ့မှာ - ။ ရဲရင့်သက်ဇွဲ
၁၃၀၄၂၀၁၂
ခံစားချက် - ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ - Apr 13 2012 04:32 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

