ကဗျာလူရဲ့ ဥဒါန်း
ကဗျာလူရဲ့ ဥဒါန်း - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
တကယ်တော့
ချိန်ကိုက်ကဗျာတွေ မရေးချင်ဘူး
ဆေးမှင်စုပ်ထိုးကဗျာတွေပဲ ရေးချင်တာ။ ဖိုးသခင် ကိုယ်တော်မှိုင်းလို
ရူဘီထောင်ထုပ်ပေးပေမင့်
ရန်သူရဲ့ ဘုန်းတော်ဘွဲ့ တော့ မရေး
“ ငါ့မှာ လက်နှစ်ဘက်နဲ့  ပေါက်ပြားရှိတယ်” တိုင်းပြည်မှာ စွမ်းစွမ်းတမံ စွန့် တဲ့
သူရဲကောင်းတွေအကြောင်း ရေးချင်တယ်။ တိုင်းပြည်ကို အာသာငမ်းငမ်း ဖျက်ခဲ့
လူမသမာတွေအကြောင်း တေးချင်တယ်။ “ကျွန်ုပ် ကဗျာများ
ဓားသွားအလား ထက်
တိုင်းပြည်ရဲ့ ခြံစည်းရိုး ဖြစ်ပါစေသား” “ကျွန်ုပ် ကဗျာများ
တေးသားပမာ ဆိမ့်
လူထုအတွက် အပမ်းပြေ ငြိမ့်ပါစေသား” “ကျွန်ုပ် ကဗျာများ
ရန်ဟူသမျှ ရှင်း
အတ္တကျူးများအတွက် ဝရဇိန် ခွင်းပါစေသား” တခါတလေ ကဗျာမပီ စာမမီလဲ
အစဉ်သဖြင့် ကျွန်ုပ်ရဲ့ ကဗျာ
အားနည်းသူတွေဘက်မှာ အရိပ်လို ရှိ
မွေးဇာတိမြေဘက်မှာ သစ္စာ သိ။ ဘယ်ဆီဘယ်ဝယ် ရောက်ရောက်
ကျေးဇူးဆပ်မြဲဆိုတာ သက်သေ ရှိတယ်
မယုံရင် ကျွန်ုပ် နှလုံးသားကို ဖတ်ကြည့်။ ကျော်ဟုန်း

ခံစားချက် - ကဗျာလူရဲ့ ဥဒါန်း ကျော်ဟုန်း - Apr 12 2012 06:10 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012