Top Advertisement
ချစ်သူများနေ့  သမင်လည်ပြန်
20120224 Ye Yint Thet Zwe

ချစ်သူများနေ့  သမင်လည်ပြန် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

အလင်းနှစ်သန်းပေါင်းများစွာ
မလိုပါဘူး အချစ်ရေ
တည်ဆောက်ခဲ့တဲ့ ဘ၀လေးထဲ
သမင်လည်ပြန် အကြည့်တချက်သာ
နှစ်ဆယ့် ငါးနှစ်ဟာ
မြင်းတကောင်လို ကဆုန်ပေါက်
ငါ့ရှေ့ကို ရောက်ရှိလာတယ် ။

ရှစ်ဆယ့်ခွန်ရဲ့ ဖေဖေါ်ဝါရီမှာ ဝေတဲ့ နှင်း
မန္တလေးရဲ့ တောင်သမာန်မှာ ဝေတဲ့ နှင်း
အော် - ချစ်သူများနေ့ မှာ ဝေတဲ့ နှင်း
လွမ်းလွမ်းဆွေးဆွေး သတိရနေမလား
ကိုယ်က ကမ္ဘာ့ဝင်ရိုးစွန်းနားမှာ
ဝေးကွာခြင်းက ဒို့ အတွင်းထဲမှာ ။

ဘယ်သူတွေ ဘာပဲ ပြောပြော
မြစ်ရေတွေက ဒို့နှစ်ဦးသားကို တိုးဝှေ့ သွား
ခိုင်မာတဲ့ ကြိုးနှစ်ချောင်းက တုတ်နှောင်ထားတယ် မဟုတ်လား ၊
မင်္ဂလာရှိသောနေ့ ပါ ညီမလေးရေ
အရာရာ ဖြည့်ဆည်းပေးခဲ့သမျှ
ကျေးဇူးတွေ အချစ်တွေ ပေပွနေတဲ့ဘ၀လေးထဲမှာ
လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က
ချစ်သူများနေ့ဟာ လှပ လတ်ဆတ်နေဆဲ
ပစ္စုပ္ပန်ရဲ့ ရောက်လာတဲ့ ချစ်သူများနေ့ ဟာလည်း
လှပ လတ်ဆတ်နေမြဲသာပ
အနာဂတ်ရဲ့ ချစ်သူများနေ့ဟာလည်း
လှပ လတ်ဆတ်နေဦးမယ်ဆိုတာ ကိုယ် ယုံတယ် ။

(နှစ်ဆယ့်ငါးနှစ်သက်တမ်း အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၄၀၂၂၀၁၂
၇း၃၈ အေအမ်
ခံစားချက် - ချစ်သူများနေ့  သမင်လည်ပြန် ရဲရင့်သက်ဇွဲ - Feb 24 2012 04:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005