အဆင့်ဆင့်
အဆင့်ဆင့် - မင်းကြည်ညို (သရုပ်ဖော် - မိုက်ကယ်လ်)
တစ်ဆင့် တစ်ဆင့်
လေမှာ ဝင့်၍
မျောလွင့် မ,တည် တိမ်သဘော။ တစ်ဆင့် တစ်ဆင့်
ဖူးမှ ပွင့်၍
ရင့်ပြုတ် ကြွေသည် ပန်းသဘော။ တစ်ဆင့် တစ်ဆင့်
ရေမှာ တင့်၍
အမြင့် မျှော်သည် ကြာသဘော။ တစ်ဆင့် တစ်ဆင့်
ရောင်ခြည် ရင့်၍
ဖျော့လွင့် ပျောက်သည် နေသဘော။ တစ်ဆင့် တစ်ဆင့်
တောင်ပံ ဝင့်၍
မျှော်ဆင့် ပျံသည် ငှက်သဘော။ တစ်ဆင့် တစ်ဆင့်
သိဉာဏ် ရင့်၍
ရဲရင့် တည်ကြည် လူ့သဘော။ ထိုသို့ သဘော
စောကြော ဖွေရှာ
လှစ်ကာ သရုပ်
ဖော်ထုတ် ဆို ဖွင့်
အဆင့်ဆင့်ကို
သင့်တင့် ဝေဖြာ
တွေးမိပါသည်
များစွာ ဆင့်ဆင့် ကျန်သေး၏။ ။
လေမှာ ဝင့်၍
မျောလွင့် မ,တည် တိမ်သဘော။ တစ်ဆင့် တစ်ဆင့်
ဖူးမှ ပွင့်၍
ရင့်ပြုတ် ကြွေသည် ပန်းသဘော။ တစ်ဆင့် တစ်ဆင့်
ရေမှာ တင့်၍
အမြင့် မျှော်သည် ကြာသဘော။ တစ်ဆင့် တစ်ဆင့်
ရောင်ခြည် ရင့်၍
ဖျော့လွင့် ပျောက်သည် နေသဘော။ တစ်ဆင့် တစ်ဆင့်
တောင်ပံ ဝင့်၍
မျှော်ဆင့် ပျံသည် ငှက်သဘော။ တစ်ဆင့် တစ်ဆင့်
သိဉာဏ် ရင့်၍
ရဲရင့် တည်ကြည် လူ့သဘော။ ထိုသို့ သဘော
စောကြော ဖွေရှာ
လှစ်ကာ သရုပ်
ဖော်ထုတ် ဆို ဖွင့်
အဆင့်ဆင့်ကို
သင့်တင့် ဝေဖြာ
တွေးမိပါသည်
များစွာ ဆင့်ဆင့် ကျန်သေး၏။ ။
ခံစားချက် - အဆင့်ဆင့် မင်းကြည်ညို - Oct 29 2012 03:42 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
မင်းကြည်ညို ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

