ဝေဒနာ
ဝေဒနာ - ရဲရင့်သက်ဇွဲ (ဓါတ်ပုံ - မိုက်ကယ်လ်)
ဟား - စိတ်လေတယ်
ဆရာမလေးရယ် လာပါဦး ဗျ
ခြေထောက်က ဝေဒနာ မသက်သာ
ကြည်အေးရဲ့ တစ္ဆေလဲ ငါ့နံဘေးမှာ ငုပ်တုတ်
အိပ်မရတဲ့အတူ မထူးတော့တဲ့ ည မို့ 
အပြင် ထွက်ရအောင်လဲ
မိုးနှင့် လေပြင်း သက်ဆင်းလေပြီ ငါ တွေးတယ်
ငါ ရှိတယ် တဲ့
ငါ မတွေးတော့ဘူး ကွာ
မရှိတော့ဘူး ပေါ့၊ ဟုတ်ရဲ့လား
(မသေချာ)
ငါ ဖျားချင်နေတယ်
ပါးစပ် ပျက်တယ်
ငါ မတွေးချင်ဘူး၊ ပါးစပ် ပျက်တယ်
ငါ စကားတွေ မပြောချင်ဘူး၊ ပါးစပ် ပျက်တယ်
အဆင်မပြေတာတွေ မမြင်ချင်ဘူး၊ ပါးစပ် ပျက်တယ်
ပါးစပ် ပျက်တာတွေ များ များ လာ ဒီ မနက် ငုပ်တုတ်ကြီး ထိုင်ရက်
အမေချက်တဲ့ အချဉ်ရည်ဟင်းနဲ့ ငရုပ်သီးထောင်း တခွက်
အိပ်မက်တယ်။
ဆရာမလေးရယ် လာပါဦး ဗျ
ခြေထောက်က ဝေဒနာ မသက်သာ
ကြည်အေးရဲ့ တစ္ဆေလဲ ငါ့နံဘေးမှာ ငုပ်တုတ်
အိပ်မရတဲ့အတူ မထူးတော့တဲ့ ည မို့ 
အပြင် ထွက်ရအောင်လဲ
မိုးနှင့် လေပြင်း သက်ဆင်းလေပြီ ငါ တွေးတယ်
ငါ ရှိတယ် တဲ့
ငါ မတွေးတော့ဘူး ကွာ
မရှိတော့ဘူး ပေါ့၊ ဟုတ်ရဲ့လား
(မသေချာ)
ငါ ဖျားချင်နေတယ်
ပါးစပ် ပျက်တယ်
ငါ မတွေးချင်ဘူး၊ ပါးစပ် ပျက်တယ်
ငါ စကားတွေ မပြောချင်ဘူး၊ ပါးစပ် ပျက်တယ်
အဆင်မပြေတာတွေ မမြင်ချင်ဘူး၊ ပါးစပ် ပျက်တယ်
ပါးစပ် ပျက်တာတွေ များ များ လာ ဒီ မနက် ငုပ်တုတ်ကြီး ထိုင်ရက်
အမေချက်တဲ့ အချဉ်ရည်ဟင်းနဲ့ ငရုပ်သီးထောင်း တခွက်
အိပ်မက်တယ်။
ခံစားချက် - ဝေဒနာ ရဲရင့်သက်ဇွဲ - Oct 24 2012 03:15 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

