ဝေးလွင့်ခြင်း တိမ်
ဝေးလွင့်ခြင်း တိမ် - နှောင်ကြိုးနွယ် (ဓါတ်ပုံ - မိုက်ကယ်လ်)
ဖြူစင်ခြင်း ကောင်းကင်ယံက
ရိတ်သိမ်းခြင်း ခံလိုက်ရတဲ့ တိမ်တွေ
ငါတို့ မျက်ဝန်းမှာ
တောင်ပုံ ယာပုံပဲ
မဲညစ်လာတဲ့ မြေပြင်မှာ
နီရဲလာတဲ့ ကွင်းပြင်တွေ
တရိပ်ရိပ် ပြေးလွှားနေတဲ့ အသံ
အလင်းရဲ့သွားနှုန်းတွေ နောက်ကျန်နေခဲ့
၃၆၀ ဒီဂရီ စက်ဝန်းထဲက မေတ္တာတရားတွေ
မှန်ကန်လွန်းအားကြီးလို့ ထင်ရဲ့လေ
အခုဆို သူတို့ ကမ္ဘာ့အပြင်မှာ စုဝေးနေကြတယ်
မေမေရေ ................................
မေမေရေ ......................................
မေမေရေ ................................................ သားတို့ နို့တစ်စက်ဖိုး ကျေဖို့ အခွင့်အရေး ရပါဦးမလား
ရိတ်သိမ်းခြင်း ခံလိုက်ရတဲ့ တိမ်တွေ
ငါတို့ မျက်ဝန်းမှာ
တောင်ပုံ ယာပုံပဲ
မဲညစ်လာတဲ့ မြေပြင်မှာ
နီရဲလာတဲ့ ကွင်းပြင်တွေ
တရိပ်ရိပ် ပြေးလွှားနေတဲ့ အသံ
အလင်းရဲ့သွားနှုန်းတွေ နောက်ကျန်နေခဲ့
၃၆၀ ဒီဂရီ စက်ဝန်းထဲက မေတ္တာတရားတွေ
မှန်ကန်လွန်းအားကြီးလို့ ထင်ရဲ့လေ
အခုဆို သူတို့ ကမ္ဘာ့အပြင်မှာ စုဝေးနေကြတယ်
မေမေရေ ................................
မေမေရေ ......................................
မေမေရေ ................................................ သားတို့ နို့တစ်စက်ဖိုး ကျေဖို့ အခွင့်အရေး ရပါဦးမလား
ခံစားချက် - ဝေးလွင့်ခြင်း တိမ် နှောင်ကြိုးနွယ် - Oct 24 2012 03:06 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
နှောင်ကြိုးနွယ် ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

