“ဦးတင်“ သို့  - ဦးတင် လို့  ကန်တော့ပန်း
irrawaddy.org
ငယ်နာမည် “မောင်ရွှေ “
လူလားမြောက်လာတော့ “ကိုရွှေ“
ဒို့ဗမာအစည်းအရုံးဝင် တယောက် ဖြစ်လာတော့ “သခင်ရွှေ“ ပေါ့ ။
“ကိုရွှေ“ ကနေ “သခင်ရွှေ“ အတွင်း
အ၀င်းပဆုံး ဂုဏ်အင်ဟာ
ရိုးဂုဏ် နဲ့ မျိုးချစ်စိတ်
နယ်ချဲ့ဆန့် ကျင်ရေးစိတ်ဓါတ်နဲ့ သတ္တိသွေး
လွတ်လပ်ရေးကြိုးပမ်းမှု လမ်းကြောင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီရဲ့ နောက် -
ဂျပန်ကို ရောက်၊ ဟိုင်နန် ရောက်
ထိုင်ဝမ်ဖက် ရောက်၊ ထိုင်းမြေ ရောက်
သွေးဖေါက် သစ္စာရေသောက်ပွဲ ကျင်းပအပြီး
ရဲဘော်သုံးကျိပ်ကြီးအဖြစ် ကမ္ဗည်းဆင်
သမိုင်းဝင် မော်ကွန်းတဆင့် အတင်မှာ
“သခင်ရွှေ“ ဟာ “ဗိုလ်ကျော်ဇော“ ဖြစ်လာတယ် ။
“သခင်ရွှေ“ ကနေ “ဗိုလ်ကျော်ဇော“ အထိ အတွင်း
အ၀င်းပဆုံး ဂုဏ်ရောင်ဟာ
အနစ်နာခံမှု နဲ့  ရဲရင့်မှု
ခေါင်းဆောင်ပီသမှု နဲ့ တိုက်ဇွဲမာန်
ဖက်ဆစ်တော်လှန်ရေးအောင်လံ တလူလူကြားက သာမက
တရုတ်ဖြူ ကျူးကျော်သူ မောင်းထုတ်ရေးလမ်းကြောင်းမှန် ပေါ်က
အောင်မောင်းသံ တညံညံကြားကပါ မြင်နိုင်တယ်။ အဲဒီနောက် -
စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး
လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရင်း
တူတံစဉ်အလံကို လွှင့်တင်
သံလွင်မောမြေ တခွင်ပေါ်မှာ
“ဗိုလ်ကျော်ဇော“ ကနေ “ဦးတင်“ ဖြစ်လာတယ်။
“ဗိုလ်ကျော်ဇော“ ကနေ “ဦးတင်“ အထိ အတွင်း
အ၀င်းပဆုံး ဂုဏ်ရောင်ဟာ
ရာသက်ပန်တော်လှန်ရေးသမား ပီသမှု
တည်ကြည်မှု နဲ့ ပြည်ချစ်စိတ်
တဖိတ်ဖိတ် ရွှန်းလက်
နောက်ဆုံးထွက်သက်အထိ မြင်နေရ
တဘ၀တာလုံး ပြည်သူ့ဘက်က ဖြစ်ခဲ့တယ်။ ဦးလေး ရေ --
“သခင်ရွှေ“ ကို လေးစား
“ဗိုလ်ကျော်ဇော“ အား စံနမူနာတင်
“ဦးတင်“ ကို ကြည်ညိုခဲ့တဲ့ ကျနော်ဟာ
အခုတော့
မမေ့မလျော့ စိတ်အလျဉ်နဲ့ 
“ဦးတင်“ သို့ 
ဦးတင်လို့  ကန်တော့လိုက်ပါရဲ့ 
သောင်းတိုက်ကမ္ဘာ တည်စေသောဝ် ။ ။ ၀င်းတင့်ထွန်း
၁၀ - ၁၀ - ၁၂ နေ့ ည
(၁၀ - ၁၀ - ၁၂ နေ့ မှာ ကွယ်လွန်သွားရှာတဲ့ ရဲဘော်သုံကျိပ်ဝင် ဗိုလ်ကျော်ဇောသို့  နောက်ဆုံး ဂါရ၀)
လူလားမြောက်လာတော့ “ကိုရွှေ“
ဒို့ဗမာအစည်းအရုံးဝင် တယောက် ဖြစ်လာတော့ “သခင်ရွှေ“ ပေါ့ ။
“ကိုရွှေ“ ကနေ “သခင်ရွှေ“ အတွင်း
အ၀င်းပဆုံး ဂုဏ်အင်ဟာ
ရိုးဂုဏ် နဲ့ မျိုးချစ်စိတ်
နယ်ချဲ့ဆန့် ကျင်ရေးစိတ်ဓါတ်နဲ့ သတ္တိသွေး
လွတ်လပ်ရေးကြိုးပမ်းမှု လမ်းကြောင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီရဲ့ နောက် -
ဂျပန်ကို ရောက်၊ ဟိုင်နန် ရောက်
ထိုင်ဝမ်ဖက် ရောက်၊ ထိုင်းမြေ ရောက်
သွေးဖေါက် သစ္စာရေသောက်ပွဲ ကျင်းပအပြီး
ရဲဘော်သုံးကျိပ်ကြီးအဖြစ် ကမ္ဗည်းဆင်
သမိုင်းဝင် မော်ကွန်းတဆင့် အတင်မှာ
“သခင်ရွှေ“ ဟာ “ဗိုလ်ကျော်ဇော“ ဖြစ်လာတယ် ။
“သခင်ရွှေ“ ကနေ “ဗိုလ်ကျော်ဇော“ အထိ အတွင်း
အ၀င်းပဆုံး ဂုဏ်ရောင်ဟာ
အနစ်နာခံမှု နဲ့  ရဲရင့်မှု
ခေါင်းဆောင်ပီသမှု နဲ့ တိုက်ဇွဲမာန်
ဖက်ဆစ်တော်လှန်ရေးအောင်လံ တလူလူကြားက သာမက
တရုတ်ဖြူ ကျူးကျော်သူ မောင်းထုတ်ရေးလမ်းကြောင်းမှန် ပေါ်က
အောင်မောင်းသံ တညံညံကြားကပါ မြင်နိုင်တယ်။ အဲဒီနောက် -
စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး
လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရင်း
တူတံစဉ်အလံကို လွှင့်တင်
သံလွင်မောမြေ တခွင်ပေါ်မှာ
“ဗိုလ်ကျော်ဇော“ ကနေ “ဦးတင်“ ဖြစ်လာတယ်။
“ဗိုလ်ကျော်ဇော“ ကနေ “ဦးတင်“ အထိ အတွင်း
အ၀င်းပဆုံး ဂုဏ်ရောင်ဟာ
ရာသက်ပန်တော်လှန်ရေးသမား ပီသမှု
တည်ကြည်မှု နဲ့ ပြည်ချစ်စိတ်
တဖိတ်ဖိတ် ရွှန်းလက်
နောက်ဆုံးထွက်သက်အထိ မြင်နေရ
တဘ၀တာလုံး ပြည်သူ့ဘက်က ဖြစ်ခဲ့တယ်။ ဦးလေး ရေ --
“သခင်ရွှေ“ ကို လေးစား
“ဗိုလ်ကျော်ဇော“ အား စံနမူနာတင်
“ဦးတင်“ ကို ကြည်ညိုခဲ့တဲ့ ကျနော်ဟာ
အခုတော့
မမေ့မလျော့ စိတ်အလျဉ်နဲ့ 
“ဦးတင်“ သို့ 
ဦးတင်လို့  ကန်တော့လိုက်ပါရဲ့ 
သောင်းတိုက်ကမ္ဘာ တည်စေသောဝ် ။ ။ ၀င်းတင့်ထွန်း
၁၀ - ၁၀ - ၁၂ နေ့ ည
(၁၀ - ၁၀ - ၁၂ နေ့ မှာ ကွယ်လွန်သွားရှာတဲ့ ရဲဘော်သုံကျိပ်ဝင် ဗိုလ်ကျော်ဇောသို့  နောက်ဆုံး ဂါရ၀)
ခံစားချက် - “ဦးတင်“ သို့  - ဦးတင် လို့  ကန်တော့ပန်း - Oct 11 2012 12:13 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ဝင့်တင့်ထွန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

