ဖက်ဆီအိုလာများရဲ့ မိတ်ဆွေ
ဖက်ဆီအိုလာများရဲ့ မိတ်ဆွေ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
တကယ်တော့ အနုပညာဆိုတဲ့
ဖန်ဆင်းခြင်းမှာ သွေးသားပါတယ်။ (တေးဂီတပဲဖြစ်ဖြစ်၊ တေးစာသားပဲဖြစ်ဖြစ်
ကဗျာပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ်
ပန်းချီပဲဖြစ်ဖြစ်၊ ပန်းပုပဲဖြစ်ဖြစ်
ဇာတ်သဘင်ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်
မိခင်တယောက် ကလေးမွေးဖွားခြင်း။) စိတ်စေတနာ မပါရင် ဖန်ဆင်းမှု မမည်
အသည်းမပါရင် ဂန္ဓဝင် မမြောက်
အနုပညာရပ်တိုင်းမှာ
သူ စွမ်းနိုင်သလောက် ခရီးလျှောက်များ
အာလုံးထပ်ထူ ငါ ကြည်ဖြူပါရဲ့။ ဒါပေမယ့် တိမ်တချို့ ကွယ်တဲ့ လ
လှတယ် ပြောသူရှိခဲ့ရင်
ငါ - ဝမ်းမသာနိုင်ဘူး။ တကယ် မနုတဲ့ အနုပညာ
သွေးသားအသည်းနဲ့ တည်ဆောက်ခဲ့လဲ
အမြီးနုတ် ခေါင်းထုတ် တည်းဖြတ်
နှမ်းမဖြူး ဆားမလူး အစိမ်းဝါး
တချို့ တွေ ခေါင်းပုံဖြတ်ခံရတာများ
သဲသဲလှုပ် မခံနိုင် တန်ပြန်တတ်လဲ
အများအတွက်သာ ရည်စူးတတ်
အနုပညာက မနုအင်္ဂါနဲ့  ပေးဆပ်ရဲ။ အများအတွက် ရည်သန်သူများရဲ့ ရဲရင့်မှု
ဖက်ဆီအိုလာများကတော့ အကြိုက်ပေါ့
လူမိုက်အသည်းက ပို ချိုသတဲ့လေ
အဆိပ်ပြင်းမြွေသားက အား ပိုရှိတယ် ထင်သလိုမျိုး ပေါ့။ ဓားထက် - ဓားသွေးကျောက်ကို ငါ ပို ချစ်တယ်
မီးတောက်ထက် - ဖယောင်းသားကို ငါ မြတ်နိုးတယ်
လောကထဲ ဒီလို ပုတုဇဉ်အရူးတွေလဲ ရှိဦးမှလို့ သတ်မှတ်မလား
ငါ - ရင်ဖွင့်ထားတယ် ကြည့်လိုက်
ငါ့ အသည်းဟာ ဖက်ဆီအိုလာတို့ ရဲ့ စားကျက်။ ။ ကျော်ဟုန်း (စာပေနှင့် အနုပညာ အလွှာစုံ လွတ်လပ်ခွင့် အဓွန့် ရှည်ရေးသို့)

ခံစားချက် - ဖက်ဆီအိုလာများရဲ့ မိတ်ဆွေ ကျော်ဟုန်း - Aug 30 2012 01:20 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012