မဇ္ဈိမ
မဇ္ဈိမ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
မွှေးလွန်းတဲ့ပန်းရဲ့ မာယာနောက်ကိုလိုက်မိရင်လဲ
အဆိပ်သင့်နိုင်တယ်။ လောက ပြဌာန်းချက်က
အချိုလွန်တော့ ခါး - သဒ္ဓါကျွံရင် မှား။ ပန်းချီကားထဲက မိုနာလီဇာရဲ့အပြုံး မဇ္ဈိမ
လူတွေနှစ်သက်နေတာ ခုထိပဲ။ ပဉ္စသိင်္ခရဲ့ တတိယမြောက်သံစဉ်ဟာ
လောကပြဌာန်းချက်။ မြားချိတ်စူးခံ အကြောက်လွန်ငါးကို
တအားကြီး ဆောင့်မဆွဲလိုက်ပါနဲ့ 
ကြိုးပြတ်ပြီး ငါးလွတ်တတ်တယ်။ ကြောင်လေးပါဆိုပြီး ချောင်ပိတ်မရိုက်ပါနဲ့ 
ကြောင်ဆိုတာ ကျားအသေးစား
လက်သည်းထက်တယ်၊ ကြောက်ပါပြီလို့  အရိပ်အခြေပြမှ
သတ္တိတွေ ထပ်မပြမိစေနဲ့ 
ကျားနာခဲနဲ့ တွေ့ ရင် ဆေးမမီဘူး၊ ဝါဒရဲ့ ကျားကွက်ပေါ်မှာ
ပွန်းလေးတောင် အရွှေ့ မမှားမိစေချင်
သတိချပ်စေ မဇ္ဈိမ။ ဆင်ကို ကျုံးသွင်းပြီးရင်
နေရာအနှံ့ ချော့ပွတ်သလိုမျိုး
သတိမေတ္တာနဲ့ သိမ်းသွင်း
ရန်သူကို မိတ်ဆွေဖြစ်စေချင်ရင် မဇ္ဈိမ။ ပြည့် ဦးကင်းကို မနှိမ်တာ
ပြည့် ဝမ်းကို မဖောက်တာ
ပြည့် နားကို မပိတ်တာ
ပြည့် မျက်စိကို မကန်းတာ
ပြည့် ခြေကို မချိုးတာ
ပြည့် လက်ရုန်းကို မဖြတ်တာ
အာလုံး မဇ္ဈိမ။ ။

ခံစားချက် - မဇ္ဈိမ ကျော်ဟုန်း - Aug 30 2012 01:14 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012