ဘုရားသခင် အလိုမတူရင် သစ်ရွက်တောင် မလှုပ်ဘူး မဟုတ်လား မေမေ
ဘုရားသခင် အလိုမတူရင် သစ်ရွက်တောင် မလှုပ်ဘူး မဟုတ်လား မေမေ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
မေမေ
တိုးတိုးဖွဖွ ရွတ်ဆို
ကျနော့်ပါးပေါ်မှာ မျက်ရည်တွေ စိုလို့။ စိမ်းလန်းတဲ့ သစ်ရွက်တွေကြားက
ဖြာဆင်းလာတဲ့ နေရာင်ခြည်မှာ
ဆောင်းရဲ့ရနံ့ ကို ခံစားမိတယ်
တိုတောင်းလှတဲ့ နွေရာသီဟာ
စနစ်တကျ ဆုတ်ခွာနေရှာ ပေါ့။ နေ့ မှန်းညမှန်း မသိအောင်
လင်းရှင်းနေတဲ့ အနေအထား ပျက်ပြယ်
ညဟာ သူ့ဘ၀ကို သူ
ပိုင်ပိုင်နိုင်နိုင် ပြန် ဆုပ်ကိုင်မိပြီ။ သူတို့ ရဲ့ ရာသီလေးပါးထဲမှာ
ကျနော်သာ ကိုယ့်ဘ၀ကို ကိုယ်
မဆုပ်ကိုင်နိုင်သေး
သေမင်းနဲ့ စစ်ခင်းနေရတုန်းပဲ မေမေ။ ဒီနေ့  ဥပုသ်ရက်တွေ လွန်မြောက်
ဘုရားသခင်ထံတော် ပါး
ဝတ်ပြုဘို့ ရောက်ခဲ့တယ်။
ကွယ်လွန်သူ အဖေ့အတွက်
ကျန်ရစ်သူ မေမေ့အတွက်
ကွဲကွာနေကြရသော မိသားစုအတွက်
ကျနော်ချစ်တဲ့ အမိ ဗမာပြည်ကြီးအတွက်
ကမ္ဘာကြီးအတွက် မျက်ရည်စက်လက်နဲ့ 
ကျနော် ဆုတောင်းမေတ္တာ ပို့ သတယ်။ မေမေရေ
ပြန်လာခဲ့ပါ သားရယ် ဆိုတဲ့
မေ့မေ့စကားသံ နောက်မှာ
အကြိမ်ကြိမ် ရောက်ခဲ့တဲ့ နောင်တ
အမေ့ခြေရင်းမှာ ချခွင့် ရပါ့ဦးမလား
ကျနော့ရောဂါ ကျနော်သာ အသိဆုံးပါ မေမေ။ နေထိုင်နေရတဲ့
လေးဆယ်ကျော် သက်တမ်းအတွင်းမှာ
အဖေ့ကို ချစ်ခဲ့တယ်
မေမေ့ ကို ချစ်ခဲ့တယ်
အကိုနှစ်ယောက်နဲ့ 
တူမများကို ချစ်ခဲ့တယ်
ညီမလေးကို ချစ်ခဲ့တယ်
သမီးနဲ့ သားကိုချစ်ခဲ့တယ်
ဆွေမျိုးသားချင်းများကို ချစ်ခဲ့တယ်
အယူအဆတူသူ မတူသူ
မိတ်ဆွေ သူငယ်ချင်းများကို ချစ်ခဲ့တယ်
အမှန်တရားအတွက် ခံစားချက်နဲ့ 
ကဗျာများကို ချစ်ခဲ့တယ်။ မေမေရယ်
သားမှာ အဲဒီလို ချစ်ခြင်းတွေက လွဲလို့ 
အားလုံးအပေါ် တာဝန်မကျေခဲ့ဘူး။
ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။
တယောက်ထဲ နေရတဲ့အခါ
စဉ်းစားချိန်တွေ ပို များလာတယ်။
ဒီကမ္ဘာကြီးမှာ လူတွေ ဘာကြောင့်
ကိုယ့်ကိုယ်ကို သတ်သေကြသလဲ
ကျနော် တစတစ နားလည်လာခဲ့ပေါ့ မေမေ ။ သို့ သော်လည်းပေါ့ မေမေရယ်
မသေခင် တခါလောက် မေမေ့ကို
ပွေ့ ဖက်ခွင့်ရချင်သေးတဲ့ စိတ်
ချစ်သော ညီမလေး သမီး သားနဲ့ 
ပြန်ဆုံချင်သေးတဲ့ စိတ်နဲ့ 
မိသားစုဝင်တွေ မိတ်ဆွေ သူငယ်ချင်းတွေ
ပြန်ဆုံချင်သေးတဲ့ စိတ်
ကဗျာတွေကို ချစ်မြတ်နိုးခွင့် ရေးသားခွင့်
ရချင်သေးတဲ့ စိတ်
အဲဒီစိတ်တွေနဲ့  ကျနော်လေ ဘ၀ကို ကျားကန်ထားရင်း
အနိုင်မခံဆိုတဲ့ ကဗျာနဲ့ အကယ်၍သာ ဆိုတဲ့ကဗျာတွေကို
ဘုရားဂုဏ်တော် တခုလို
အကြိမ်ကြိမ် ရွတ်ဆိုနေမိတော့တယ်။ ရဲရင့်သက်ဇွဲ
၂၁၀၈၂၀၁၂
၎း၅၉ အေအမ်
တိုးတိုးဖွဖွ ရွတ်ဆို
ကျနော့်ပါးပေါ်မှာ မျက်ရည်တွေ စိုလို့။ စိမ်းလန်းတဲ့ သစ်ရွက်တွေကြားက
ဖြာဆင်းလာတဲ့ နေရာင်ခြည်မှာ
ဆောင်းရဲ့ရနံ့ ကို ခံစားမိတယ်
တိုတောင်းလှတဲ့ နွေရာသီဟာ
စနစ်တကျ ဆုတ်ခွာနေရှာ ပေါ့။ နေ့ မှန်းညမှန်း မသိအောင်
လင်းရှင်းနေတဲ့ အနေအထား ပျက်ပြယ်
ညဟာ သူ့ဘ၀ကို သူ
ပိုင်ပိုင်နိုင်နိုင် ပြန် ဆုပ်ကိုင်မိပြီ။ သူတို့ ရဲ့ ရာသီလေးပါးထဲမှာ
ကျနော်သာ ကိုယ့်ဘ၀ကို ကိုယ်
မဆုပ်ကိုင်နိုင်သေး
သေမင်းနဲ့ စစ်ခင်းနေရတုန်းပဲ မေမေ။ ဒီနေ့  ဥပုသ်ရက်တွေ လွန်မြောက်
ဘုရားသခင်ထံတော် ပါး
ဝတ်ပြုဘို့ ရောက်ခဲ့တယ်။
ကွယ်လွန်သူ အဖေ့အတွက်
ကျန်ရစ်သူ မေမေ့အတွက်
ကွဲကွာနေကြရသော မိသားစုအတွက်
ကျနော်ချစ်တဲ့ အမိ ဗမာပြည်ကြီးအတွက်
ကမ္ဘာကြီးအတွက် မျက်ရည်စက်လက်နဲ့ 
ကျနော် ဆုတောင်းမေတ္တာ ပို့ သတယ်။ မေမေရေ
ပြန်လာခဲ့ပါ သားရယ် ဆိုတဲ့
မေ့မေ့စကားသံ နောက်မှာ
အကြိမ်ကြိမ် ရောက်ခဲ့တဲ့ နောင်တ
အမေ့ခြေရင်းမှာ ချခွင့် ရပါ့ဦးမလား
ကျနော့ရောဂါ ကျနော်သာ အသိဆုံးပါ မေမေ။ နေထိုင်နေရတဲ့
လေးဆယ်ကျော် သက်တမ်းအတွင်းမှာ
အဖေ့ကို ချစ်ခဲ့တယ်
မေမေ့ ကို ချစ်ခဲ့တယ်
အကိုနှစ်ယောက်နဲ့ 
တူမများကို ချစ်ခဲ့တယ်
ညီမလေးကို ချစ်ခဲ့တယ်
သမီးနဲ့ သားကိုချစ်ခဲ့တယ်
ဆွေမျိုးသားချင်းများကို ချစ်ခဲ့တယ်
အယူအဆတူသူ မတူသူ
မိတ်ဆွေ သူငယ်ချင်းများကို ချစ်ခဲ့တယ်
အမှန်တရားအတွက် ခံစားချက်နဲ့ 
ကဗျာများကို ချစ်ခဲ့တယ်။ မေမေရယ်
သားမှာ အဲဒီလို ချစ်ခြင်းတွေက လွဲလို့ 
အားလုံးအပေါ် တာဝန်မကျေခဲ့ဘူး။
ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။
တယောက်ထဲ နေရတဲ့အခါ
စဉ်းစားချိန်တွေ ပို များလာတယ်။
ဒီကမ္ဘာကြီးမှာ လူတွေ ဘာကြောင့်
ကိုယ့်ကိုယ်ကို သတ်သေကြသလဲ
ကျနော် တစတစ နားလည်လာခဲ့ပေါ့ မေမေ ။ သို့ သော်လည်းပေါ့ မေမေရယ်
မသေခင် တခါလောက် မေမေ့ကို
ပွေ့ ဖက်ခွင့်ရချင်သေးတဲ့ စိတ်
ချစ်သော ညီမလေး သမီး သားနဲ့ 
ပြန်ဆုံချင်သေးတဲ့ စိတ်နဲ့ 
မိသားစုဝင်တွေ မိတ်ဆွေ သူငယ်ချင်းတွေ
ပြန်ဆုံချင်သေးတဲ့ စိတ်
ကဗျာတွေကို ချစ်မြတ်နိုးခွင့် ရေးသားခွင့်
ရချင်သေးတဲ့ စိတ်
အဲဒီစိတ်တွေနဲ့  ကျနော်လေ ဘ၀ကို ကျားကန်ထားရင်း
အနိုင်မခံဆိုတဲ့ ကဗျာနဲ့ အကယ်၍သာ ဆိုတဲ့ကဗျာတွေကို
ဘုရားဂုဏ်တော် တခုလို
အကြိမ်ကြိမ် ရွတ်ဆိုနေမိတော့တယ်။ ရဲရင့်သက်ဇွဲ
၂၁၀၈၂၀၁၂
၎း၅၉ အေအမ်
ခံစားချက် - ဘုရားသခင် အလိုမတူရင် သစ်ရွက်တောင် မလှုပ်ဘူး မဟုတ်လား မေမေ ရဲရင့်သက်ဇွဲ - Aug 30 2012 05:51 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

