Burmese in Fort Wayne to Honor Daw Mar Mar Aye

Burmese in Fort Wayne to Honor Daw Mar Mar Aye

ဖို့တ်ဝိန်းမှာ ကျင်းပတဲ့ ဒေါ်မာမာအေး ဂုဏ်ပြုပွဲ

0003

ဒေါ်မာမာအေးအား ဂါရ၀ပြုပွဲနဲ့ ပတ်သက်ပြီး စာရေးဆရာအောင်ဝေးက “ဖို့တ်ဝိန်းမြို့မှာက မိုးမခရဲ့ ကဗျာဆရာ ဆောင်းယွန်းလ ရှိတယ်။ ကျွန်တော်က ဖို့တ်ဝိန်းနဲ့နီးတဲ့ မီချီဂန်မှာ နေတော့ ကျွန်တော် ရှိတယ် ပေါ့ဗျာ။ ကျွန်တော်တို့က မိုးမခမီဒီယာရဲ့ကိုယ်စား ဒေါ်မာမာအေးဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်တယ်ပေါ့နော်။ စာပေအနုပညာအသိုင်းအ၀ိုင်းက လူကြီးလူငယ် အစိတ် သုံးဆယ်လောက် တက်ရောက်ကြတယ်ပေါ့ဗျာ။ နောက်ပြီးတော့ ဒီမှာရှိတဲ့ စာရေးဆရာတွေထဲကဆိုရင် ဒေါ်ညိုယဉ်တို့၊ ဆရာကျော်လင်းနိုင်တို့ စသည်ဖြင့် လူကြီး လေး ငါးဦးက ဒေါ်မာမာအေးကို ဂုဏ်ပြုတဲ့စကားတွေ ပြောကြတယ် ပေါ့။ ပြီးတော့ မိုးမခမီဒီယာက ကန်တော့တဲ့ ဒေါ်လာ ၅၅၀ ကို ပေးအပ်တယ်။ နောက် သူတို့ရဲ့ဂါရ၀ ဆရာကြီးသမားကြီး လေးဦးရဲ့ဓါတ်ပုံပါတဲ့ အကောင်းစားကြွေပန်းကန်ပြားကို ပေးအပ်တယ် ပေါ့။ နောက် ဂုဏ်ပြုခံပုဂ္ဂိုလ် ဆရာမကြီးဒေါ်မာမာအေးက အားလုံးကို အမှတ်တရစကား ပြောကြားတယ်။ လွတ်လွတ်လပ်လပ် ကျင်းပတဲ့ အခမ်းအနားတခုပါ ပဲ“ လို့ ပြောပြပါတယ်။

Khin Maung Lay