Burmese in Fort Wayne to Honor Daw Mar Mar Aye

Burmese in Fort Wayne to Honor Daw Mar Mar Aye

ဖို့တ်ဝိန်းမှာ ကျင်းပတဲ့ ဒေါ်မာမာအေး ဂုဏ်ပြုပွဲ

0001

မိုးမခ စာနယ်ဇင်းအဖွဲ့က ပြုလုပ်တဲ့ ဂီတပညာရှင် အဆိုတော် ဒေါ်မာမာအေးအား ဂါရ၀ပြုပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ရှိ ဒေါ်မာမာအေးနေအိမ်တွင် ၂၀၁၀ မတ်လ ၆ ရက်နေ့ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ မိုးမခ မီဒီယာရဲ့ စာပေဂါရ၀ အမှတ်တရအဖြစ် ဓါတ်ပုံပန်းကန်ပြားလက်ဆောင်နဲ့ ချက်လက်မှတ်ဒေါ်လာ ၅၅၀ ကို ပေးအပ်ခဲ့ပြီး ဒေါ်မာမာအေးရဲ့မိတ်ဆွေများ စာပေချစ်သူများ ၀ိုင်းဝန်း စုဝေးကာ အမှတ်တရစကား ပြောဆိုခဲ့ကြပါတယ်။

Khin Maung Lay