|

အမှန်အတိုင်း ပြောရရင် အသက်ရှင် ရပ်တည်ရေးအတွက် တဖက်က ကြိုးစားနေရသလို တဖက်ကလည်း အခုလို အင်တာနက်စာမျက်နှာ ပုံမှန် တည်တံ့ရေး ကြိုးစားရတာ သိတ်ပြီး လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ အဲဒီလို ကြိုးစား လုပ်ကိုင်ရတာထက် ပိုပြီး စိတ်ညစ်ဖို့ ကောင်းတာကတော့ ကြောင်းကျိုှးဂဏ မသိဘဲနဲ့ သွားပုတ်လေလွင့် ပြောကြတဲ့၊ ကိုယ် အသုံးချချင်တဲ့ကိစ္စ မဖြစ်တဲ့အခါ အတင်းအဖျင်း ပြောတတ်ကြတဲ့ ကိုယ့်လူတွေကိုပါ။ အဲဒီတုန်းက ယနေ့မြန်မာကို ရပ်ဆိုင်းခဲ့တဲ့ အဓိကအကြောင်းရင်းထဲမှာ အဲဒီလို စိတ်ဓါတ်ရှိတဲ့ ကျွန်တော်တို့အသိုင်းအ၀ိုင်းထဲက ပုဂ္ဂိုလ်တွေကို စိတ်ကုန်တဲ့အချက်လည်း ပါဝင်ပါတယ်။ (ယနေ့မြန်မာကို ၂၀၀၄ ဖေဖော်ဝါရီလခန့်မှ ၂၀၀၅ ဇူလိုင်လခန့်အထိ ရပ်ဆိုင်းခဲ့ပါတယ်။)
|