အာရင်နဲ့ ဘီ(ရ)ထရစ်စ်တို့ နှုတ်ဆက်သွားတဲ့ အိတ်က်စ် ဖက်တာ

http://thexfactorusa.com/

၂၀၁၂၊ နိုဝင်ဘာ ၂၂ ရက်နေ့ အိတ်က်စ် ဖက်တာ အစီအစဉ်ကို သတ်မှတ်ထားချိန်ထက် နောက်ကျပြီး ထုတ်လွှင့်သွားခဲ့ပါတယ်။ အကြောင်းကတော့ ထို အစီအစဉ် မတိုင်မီ ထုတ်လွှင့်တဲ့ ဘော်လုံးပွဲက မပြီးသေးတဲ့အတွက် ဖြစ်ပါတယ်။ အိတ်က်စ်ဖ် ဖက်တာ အစီအစဉ်ကို ဇန်န၀ါရီလလယ်ပိုင်းတွင် အဆုံးသတ်မှာ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့အပတ်နဲ့ ဒီတပတ် နှစ်ပတ်ဆက်တိုက် ပြိုင်ပွဲဝင် နှစ်ဦးစီ ပြိုင်ပွဲကို နှုတ်ဆက်သွားကြပါတယ်။

ဒီတပတ် ပြိုင်ပွဲကို နှုတ်ဆက် ထွက်ခွာသွားကြသူများကတော့ ဘရစ်တနီ စပီးယားစ် (Britney Spears) တာဝန်ယူထားတဲ့ ဆယ်ကျော်သက် (Teens) ကဏ္ဍ က အာရင် ရေး (Arin Ray) ၊ ဘီ(ရ)ထရစ်စ် မဲလ်လာ (Beatrice Miller) တို့ ဖြစ်ကြပါတယ်။

ပြိုင်ပွဲက Arin Ray ထွက်သွားရခြင်းနဲ့ ပတ်သက်ပြီး အများက သိတ်ပြီး အံ့သြကြမှာ မဟုတ်ပါဘူး။ Arin Ray ဟာ မနှစ်က အိတ်က်စ် ဖက်တာပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ အုပ်စုလိုက် ပြိုင်ပွဲဝင်ဖို့ အင်တဲန်စတီ (inTENsity) အဖွဲ့အနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ သို့သော်လည်း သူ ပါဝင်တဲ့ အဖွဲ့က အဆင့် ၁၂ နေရာကနေ ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။ ဒီနှစ် ပြန်လည် ယှဉ်ပြိုင်တဲ့အခါ အာရင် ရေး (Arin Ray) ဟာ အာရှာ (Usher) ရဲ့ ပုံစံမျိုးကို ကြိုးစားပေမယ့် ထင်သလောက် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ အောက်ခြေအဆင့်ကနေ ဆက်လက် ယှဉ်ပြိုင်ရင်း အခုတပတ်မှာတော့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

Arin Ray လို ပြိုင်ပွဲက ထွက်ရမလိုလို ဖြစ်ခဲ့သူကတော့ စီစီ ဖရိုင်း (CeCe Frey) ဖြစ်ပါတယ်။ သူဟာ ထိပ်ဆုံး ၁၂ ဦး ပြိုင်ကြစဉ် မဲအနည်းဆုံး နှစ်ဦးအနက် တဦး ဖြစ်ခဲ့ပြီး အခုတပတ်မှာလည်း မဲ အနည်းဆုံး နှစ်ဦးအနက် တဦး ဖြစ်ခဲ့ပါတယ်။ ယခင်တခေါက် မဲအနည်းဆုံး နှစ်ဦးတွင် ပါဝင်စဉ် ပရိသတ်ရဲ့ မဲအဆုံးအဖြတ် ရယူရာ စီစီ ပြိုင်ပွဲတွင် ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး တခုတခေါက်မှာတော့ အကဲဖြတ်တွေက စီစီကို ပြိုင်ပွဲတွင်း ဆက်လက် ရှိနေစေခဲ့ပါတယ်။

ဒီတပတ် ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတဲ့ အသက် ၁၃ နှစ်ရှိ ဘီ(ရ)ထရစ်စ် မဲလ်လာ (Beatrice Miller) ဟာ နယူးဂျာစီပြည်နယ် မေပဲလ် ၀ုဒ် (Maplewood) က ဖြစ်ပြီး အသက် ၉ နှစ်အရွယ် ၂၀၀၈ ခုနှစ်က ယူအက်စ် အိုးပဲန်း တင်းနစ်ပြိုင်ပွဲ ဗီးနပ်စ်နဲ့ စရီနာ ၀ီလျံတို့ ပြိုင်ပွဲအပြီး ပရိသတ် နှစ်ထောင့်လေးရာရှေ့တွင် America, the Beautiful သီချင်း သီဆိုခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက် ၈ နှစ် အရွယ်ကတည်းက ရုပ်ရှင်၊ ကြော်ငြာနဲ့ Toy Story 3, Ice Age: Dawn of the Dinosaurs, Too Big To Fail, Yes, Virginia အပါအ၀င် ပြဇာတ်များတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ အိတ်က်စ် ဖက်တာပြိုင်ပွဲကနေ ထွက်လိုက်ရတဲ့အတွက် ဘီ(ရ)ထရစ်စ် အတော်လေး ခံစားလိုက်ရတာကို တွေ့လိုက်ရပါတယ်။

ဒီနှစ် လက်ကျန် ရှစ်ဦးအနက် လက်ရှိ မဲအနည်းဆုံး နေရာမှာ ရှိကြတဲ့ စီစီ ဖရိုင်း (CeCe Frey) ၊ ပေ့ဂ်ျ သောမတ်စ် (Paige Thomas) ၊ ဖစ်ဖ် ဟာမိုနီ (Fifth Harmony) တို့ကို မဲအနည်းဆုံး ရနိုင်သူများအဖြစ် ရှုမြင်မိပါတယ်။ နံပါတ် လေး နေရာကို ဒိုင်းမွန်း ၀ှိုက်တ် (Diamond White) နဲ့ အမ်မ်ဘလဲမ် သရီး (Emblem 3) တို့ ပြိုင်ရဘွယ် ရှိပါတယ်။ ထိပ်ဆုံးနေရာတွေကို သုံးပတ်ဆက်တိုက် တိတ် စတီဗင်စ် (Tate Stevens) ၊ ဗီနို အလဲန် (Veno Alan) နဲ့ ကာလီ ရို့စ် ဆိုနန်ကလာ (Carly Rose Sonenclar) တို့ ရယူထားတဲ့အတွက် အတိမ်းအစောင်း မရှိရင်ဖြင့် နောက်ဆုံးပြိုင်ပွဲများတွင် သူတို့သုံးဦးကိုသာ မြင်တွေ့ရဘွယ် ရှိပါတယ်။

ဒီနှစ် အိတ်က်စ် ဖက်တာ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်များအနက် ဒိုင်းမွန်း ၀ှိုက်တ်ဟာ အနာဂတ် ၀တ္တနီ ဟူစတဲန် ဖြစ်နိုင်ပြီး ကာလီကတော့ အမေရိကန် ဂီတလောကမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ ရနိုင်သူ ဖြစ်ပါတယ်။ တိတ် နဲ့ ဗီနိုကို အယ်လ်အေ ရိဒ် (LA. Reid) က စာချုပ် ချုပ် နိုင်ပါတယ်။ အမ်မ်ဘလဲမ် သရီး (Emblem 3) အနေနဲ့ ၀မ်း ဒါရိုက်ရှင် (One Direction) ရဲ့ အောင်မြင်မှု ရနိုင်၊ မရနိုင်ကတော့ ပြောဖို့ စောနေပါသေးတယ်။ ဖစ်ဖ် ဟာမိုနီ (Fifth Harmony) အဖွဲ့ မဲ ပိုမို ရရှိလာရင် နောက်ဆုံးအဆင့် ပွဲတွေ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာပါလိမ့်မယ်။
သတင်း - အာရင်နဲ့ ဘီ(ရ)ထရစ်စ်တို့ နှုတ်ဆက်သွားတဲ့ အိတ်က်စ် ဖက်တာ - Nov 23 2012 01:27 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005