အိတ်က်စ် ဖက်တာ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ဆယ်ဦး
http://thexfactorusa.com/
ဆိုင်မွန် ကောင်ဝဲလ်ရဲ့ အိတ်က်စ် ဖက်တာ ယူအက်စ်အေ (X Factor USA) အစီအစဉ် နောက်ဆုံးအဆင့် ပြိုင်ပွဲများကို ဖောက်က်စ် (Fox) ရုပ်သံ အစီအစဉ်က အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ ည ၈ နာရီတွင် ထုတ်လွှင့်နေရာ ကျေးဇူးတရားနဲ့ ဆက်နွယ်တဲ့ ဖျော်ဖြေမှုတွေနဲ့ တင်ဆက်မယ့် နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ဆယ်ဦးရဲ့ ဖျော်ဖြေ ယှဉ်ပြိုင်မှုကို ၂၀၁၂၊ နိုဝင်ဘာ ၂၁ ရက်နေ့ အမေရိကန်အရှေ့ပိုင်းဒေသ စံတော်ချိန် ည ၈ နာရီတွင် တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။
ဒီနှစ် နောက်ဆုံး ဆန်ကာတင် ဆယ်ဦးကတော့ ဆိုင်မွန် ကောင်ဝဲယ်လ် (Simon Cowell) တာဝန်ယူထားတဲ့ အဖွဲ့လိုက်ပြိုင်ပွဲဝင်သူများ (Group) ကဏ္ဍက အမ်မ်ဘလဲမ် သရီး (Emblem 3) ၊ ဖစ်ဖ် ဟာမိုနီ (Fifth Harmony) ၊ အယ်လ်အေ ရိဒ် (LA. Reid) တာဝန်ယူထားတဲ့ အသက် ၂၅ နှစ်အထက် (Over 25s) ကဏ္ဍက တိတ် စတီဗင်စ် (Tate Stevens) ၊ ဗီနို အလဲန် (Veno Alan) ၊ ဘရစ်တနီ စပီးယားစ် (Britney Spears) တာဝန်ယူထားတဲ့ ဆယ်ကျော်သက် (Teens) ကဏ္ဍ က အာရင် ရေး (Arin Ray) ၊ ဘီ(ရ)ထရစ်စ် မဲလ်လာ (Beatrice Miller) ၊ ကာလီ ရို့စ် ဆိုနန်ကလာ (Carly Rose Sonenclar) ၊ ဒိုင်းမွန်း ၀ှိုက်တ် (Diamond White) ၊ ဒဲန်မီ လဗာတို (Demi Lovato) တာဝန်ယူထားတဲ့ လူကြီးငယ်လေးများ (Young Adults) ကဏ္ဍ က စီစီ ဖရိုင်း (CeCe Frey)၊ ပေ့ဂ်ျ သောမတ်စ် (Paige Thomas) တို့ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့် ၁၂ ဦးပြိုင်ပွဲအတွက် အကဲဖြတ်များ ဖြစ်ကြတဲ့ ဆိုင်မွန် ၊ အယ်လ်အေ ရိဒ်၊ ဘရစ်တနီ စပီးယားစ်နဲ့ ဒဲန်မီ လဗာတို တို့ အနေနဲ့ သူတို့ တာဝန်ယူထားတဲ့ ကဏ္ဍအခုစီက သုံးဦးစီ စတင် ပါဝင် ယှဉ်ပြိုင်မယ်လို့ ကြေငြာခဲ့ပါတယ်။ သို့သော် ပြိုင်ပွဲ စတင်တဲ့အခါ ဘရစ်တနီ စပီးယားစ်ရဲ့ ဆက်ကျော်သက်ကဏ္ဍက ဒိုင်းမွန်း ၀ှိုက်တ် (Diamond White) ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။
ဒါ့ကြောင့် နောက်ဆုံးအဆင့်တွင် ပြိုင်ပွဲဝင် ၁၃ ဦးနဲ့ စတင် ယှဉ်ပြိုင်ခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့် ယှဉ်ပြိုင်မှု နှစ်ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ ယှဉ်ပြိုင်ခဲ့ရာ ပထမအပတ်တွင် အယ်လ်အေ ရိဒ် အဖွဲ့က ဂျေစဲန် ဘရော့က် (Jason Brock) ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ဒုတိယအပတ်မှာတော့ ဆိုင်မွန်ရဲ့ လာရစ်စ် ၀မ်းဖိုးဖိုက် (Lyric 145) နဲ့ ဒဲန်မီ လဗာတိုအဖွဲ့က ဂျနဲလ် ဂါစီယာ (Jennel Garcia) တို့ ပြိုင်ပွဲကို ကျောခိုင်းခဲ့ရပါတယ်။
ဒီနှစ် အိတ်က်စ် ဖက်တာ အစီအစဉ်ရဲ့ ထူးခြားချက်ကတော့ ပြိုင်ပွဲဝင်တွေ ရရှိတဲ့ မဲ အနည်းအများ စာရင်းကို ထုတ်ဖော် ကြေငြာခြင်း ဖြစ်ပါတယ်။ ထို စာရင်းအရ ထိပ်ဆုံး သုံးဦးအဖြစ် တိတ် စတီဗင်စ် ၊ ကာလီ ရို့စ် ဆိုနန်ကလာ နဲ့ ဗီနို အလဲန် တို့ နှစ်ပတ်ဆက်တိုက် အစဉ်လိုက် ရှိနေပြီး ဒုတိယ မဲ အနည်းဆုံးနေရာတွင် အာရင် ရေး က နှစ်ပတ်ဆက်တိုက် ရှိနေခဲ့ပါတယ်။
ဒီနှစ် အိတ်က်စ် ဖက်တာ အစီအစဉ်ရဲ့ တင်ဆက်မှုဟာ မနှစ်ကထက် ပိုမို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖျော်ဖြေမှုများရဲ့ ပြင်ဆင်မှုဟာ ရုပ်သံ အစီအစဉ်တခုအတွက် ပြင်ဆင်တဲ့ ပုံစံထက် ဖျော်ဖြေပွဲပုံစံ ရိုက်ကူးထုတ်လွှင့်ထားပါတယ်။ အိတ်က်စ် ဖက်တာ အစီအစဉ်ဟာ အမေရိကန်ရုပ်သံရဲ့ ထိပ်တန်း အစီအစဉ်အဖြစ် ဆက်လက် ရပ်တည်နေသော်လည်း အမေရိကန်အိုင်ဒယ်လ် ယခင်က ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုအဆင့် မရရှိသေးတာကို တွေ့ရပါတယ်။
သတင်း - အိတ်က်စ် ဖက်တာ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ဆယ်ဦး - Nov 23 2012 12:16 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
