ရာထူးလက်ရှိ အမေရိကန်သမ္မတ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ရောက်

cnn.com

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားဟာ ၂၀၁၂၊ နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာပြည်ကို ခေတ္တ သွားရောက်ခဲ့ပါတယ်။ အိုဘားမားရဲ့ ၇ နာရီကြာ မြန်မာပြည်ခရီးစဉ်ဟာ ရာထူးလက်ရှိ အမေရိကန်သမ္မတတဦးရဲ့ ပထမဦးဆုံး မြန်မာပြည်ခရီး ဖြစ်ပါတယ်။

ထို ခရီးစဉ်အတွင်း အိုဘားမားဟာ ရွှေတိဂုံစေတီတော်ကို သွားရောက် ဖူးမြှော်ခဲ့ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အိုဘားမားတို့ တွေ့ဆုံခဲ့ပါတယ်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတ အိုဘားမား မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အိုဘားမားကို မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တချို့က ရန်ကုန်လေဆိပ်တွင် ကြိုဆိုခဲ့ပြီး ကလေးငယ်တဦးက ပန်းစည်းဆက် နှုတ်ဆက်ခဲ့ပါတယ်။ မြန်မာပြည်သူများက လမ်းဘေးဝဲယာမှ ကြိုဆိုခဲ့ပါတယ်။

အိုဘားမားရဲ့ ခရီးစဉ်ဟာ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံများကို သွားရောက်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမယ့် အရှေ့အာရှ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထွက်ခွာလာတဲ့ အိုဘားမားဟာ ရန်ကုန်လေဆိပ်ကို ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး မနက် ၁၀ နာရီခွဲခန့်တွင် မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နေ့လည် ၁၂ နာရီတွင် ရွှေတိဂုံစေတီတော်ကို သွားရောက် ဖူးမြှော်ခဲ့ပါတယ်။ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရောက်ရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်လေဆိပ်မှတဆင့် ကမ္ဘောဒီးယားနိုင်ငံကို ထွက်ခွာသွားပါတယ်။

အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာ အမေရိကန် ဆက်ဆံရေးရဲ့ အထင်ကရမှတ်တိုင်တခု ဖြစ်သလို ကမ္ဘာ့သမိုင်းရဲ့ ထူးခြားဖြစ်စဉ်တခု ဖြစ်ပါတယ်။ ထို ခရီးစဉ်မှာ မြန်မာအစိုးရထိပ်ပိုင်းခေါင်းဆောင်တချို့က အိုဘားမားကို လေဆိပ်တွင် ကြိုဆိုခြင်း၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အိုဘားမားတို့ တွေ့ဆုံခြင်းတို့ကလွဲလို့ မြန်မာအာဏာပိုင်များနဲ့ အမေရိကန် သမ္မတတို့အကြား ထူးခြားတဲ့ တွေ့ဆုံ ဆွေးနွေးမှုများ မတွေ့ခဲ့ရပါဘူး။

အိုဘားမား မြန်မာပြည်ကို ရောက်ရှိခြင်း၊ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ရန်ကုန်တက္ကသိုလ်တွင် အိုဘားမားမိန့်ခွန်းပြောကြားခြင်း အစီအစဉ်များကို စီအဲန်အဲန်၊ ဘီဘီစီ အပါအ၀င် နိုင်ငံတကာမီဒီယာတချို့က တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ အီရန်တို့ပြီးရင် ကမ္ဘာ့ တတိယအဆိုးရွားဆုံး အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံအဖြစ် အမေရိကန်တို့က ရှုမြင်ခဲ့ပါတယ်။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး တိုးတက်မှုများ တိုးတက်လာခဲ့ပါတယ်။ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာပြည် ပြောင်းလဲရေးလုပ်ငန်းများအား အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုမိုပြသလိုက်ခြင်း ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် ပြောကြားတဲ့ အိုဘားမားရဲ့မိန့်ခွန်း၌ အာရှတိုက်တခုလုံးကို အနာဂတ်ကို ရှေ့ရှုကြည့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားကို နျူးကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပြီး ထိုသို့ ဆောင်ရွက်ပါက အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ကမ်းကြိုဆိုနိုင်ဖို့ နည်းလမ်းရှာဖွေမှာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
သတင်း - သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရာထူး လက်ရှိ အမေရိကန်သမ္မတ မြန်မာနိုင်ငံ ရောက်ရှိ - Nov 19 2012 11:56 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005