မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၇)
မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ
၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွင် သမ္မတ၏ ညွှန်ကြားချက်ကို အကောင်အထည်ဖော်မှု တစ်ချို့ မရှိမှုများနှင့် ပတ်သက်ပြီး လျပ်တစ်ပြက် ဂျာနယ်မှ မေးမြန်းချက်ခုနကပြောသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲမှုတွေဟာ အစိုးရရဲ့ သဘောထား အဆိုပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်တယ်၊ ငြိမ်းချမ်းရေး လိုချင်တဲ့ ဆန္ဒက ပြည်သူ တွေရဲ့ ဆန္ဒ ပါ၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒကိုလိုက်ပြီး အကောင်အထည် ဖော်ပေးနေရတာ ဖြစ်ပါတယ်၊ အစွမ်းကုန် ကြိုးစားပြီး ကျွန်တော်တို့ လုပ်နေပါတယ်၊ ဒီမှာ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲခိုင်းထားတယ်၊ တပ်ကိုလည်း အဲဒါ အမိန့်ပေးထားတယ်၊ သို့ပေမယ့် အောက်မှာ ပစ်ခတ်တိုက်ခိုက်မှုတစ်ချို့က ဒီကနေ့အထိ ရှိနေတုန်းဆိုတာ အမှန်ပဲ ဖြစ်ပါတယ်၊ ဘာကြောင့် ဖြစ်ရလဲဆိုတော့ KIA နဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မရနိုင်သေးတာ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲခိုင်းထားတယ်။ သူတို့ဘက်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်မယ်ဆိုတဲ့ အမိန့်တော့ ထုတ်ထားတာ မရှိသေးဘူး။ ဒီဘက်က တပ်မတော်သားတွေ အုပ်ချုပ်မှုကိစ္စတွေ၊ သင်တန်းတက်ဖို့၊ ရိက္ခာ ထုတ်ဖို့ သွားကြလာကြတဲ့အခါမှာ လမ်းခုလပ်မှာ ခုနကလို ဖြတ်ပြီးတော့ တိုက်တာတွေ၊ မိုင်းချတာတွေ ဒါမျိုးတွေ ရှိနေတယ်။ ဒီတော့ အောက်ခြေက ရဲဘော်ဆိုတော့ သူက အသက်ကိုလည်း စိုးရိမ်တော့ ဟိုကပစ်ရင် ဒီကလည်း ခံပြီး ပစ်တာပေါ့၊ အဲဒီလိုနဲ့ပဲ ဒီပြဿနာဟာ ဒီကနေ့အထိ ရှင်းလို့ မရသေးတဲ့ ကိစ္စပါ။ ဒါကလည်း ပြောနိုင်တာတော့ အခက်အခဲလည်း သိပ် မရှိပါဘူး။ ကျွန်တော်တို့ ထုတ်ထားသလို ဟိုဘက်ကလည်း တိတိကျကျနဲ့ ထုတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ကလည်း မင်းတို့ မပစ်နဲ့၊ ဟိုဘက်ကလည်း မင်းတို့ မပစ်နဲ့ ဆိုပြီးတော့ ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် ဒီ ပြဿနာဟာ ပြေလည်သွားမှာ ပါ၊ အောက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စက အဲဒါကြောင့် ဖြစ်တာပါ OIC ကိစ္စတို့ ဘာတို့ ဒီဟာလည်း တကယ်တော့ အမိန့်ကို မနာခံလို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ပြောသလိုပါပဲ၊ လူသားချင်း စာနာတဲ့ အကူအညီကို ရယူချင်တဲ့ဆန္ဒနဲ့ ညှိကြ၊ ဖန်ကြတာပါ။ ဒီအထဲမှ ဟိုဟာတို့ ဒီဟာတို့ ဖတ်ကြည့်တာ မပါပါဘူး။ သို့သော်လည်း လာတဲ့အခါမှာ ဆက်ဆံဖို့အဖွဲ့လိုတယ်၊ နေ့စဉ် ထမင်းကျွေးနေရတယ်။ WFP က ဆန်ထုတ်ပေးတာကို ရပ်လိုက်ပါတယ်။ ရပ်လိုက်တော့ ကျွန်တော်တို့က မလုပ်ပါနဲ့ဦး။ ခင်ဗျားတို့ ပြန် ဆက် ကျွေးထားပါဦး လို့။ ဒီလိုကြီးပဲ ကျွန်တော်တို့ ခွန်၊ ကျွန်တော်တို့ အားနဲ့ မတတ်နိုင်ပါဘူး။ ပြည်သူလူထုက ကူညီတယ်ဆိုတာလည်း ပြည်သူလူထုမှာ အတိုင်းအတာ ရှိပါတယ်။ အမြဲတမ်း ကူညီပေးလို့ မရပါဘူး။ ဒီကနေ့ ကျွန်တော်တို့က လူသားချင်း စာနာတဲ့ အကူအညီကို ဒီကနေ့ လိုအပ်နေတာ အမှန်ပါ။ လူသားချင်း စာနာတဲ့ အကူအညီကို ငြင်းပယ်လိုက်လို့ရှိရင် နိုင်ငံတကာက လက်မခံပါဘူး။ တစ်ချို့ နိုင်ငံတွေက လက်မခံပါဘူး။ OIC နဲ့ ဆက်ဆံရတဲ့အခါမှာ ကျွန်တော်တို့ အင်မတန်မှ သတိထားရပါတယ်။ OIC မှာ ၅၇ နိုင်ငံပါတယ်၊ ရခိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို တစ်ချို့က မဟုတ်မှန်ဇာတ်လမ်းကို ဆင် ပြီးတော့မှ လူ အတုံးအရုံး သေခဲ့ရတယ်၊ ဘာညာ ဆိုပြီးတော့ အင်တာနက်မှာ ဓါတ်ပုံတွေကို တင်၊ ကိုယ့်တိုင်းပြည်မှာ ဖြစ်တာမဟုတ်၊ သူများ တိုင်းပြည်မှာ ဖြစ်တာတွေကို ဒါတွေကို ပြပြီးတော့ လူမျိုးရေးအရ ဖိနှိပ်နေတယ်၊ ဘာသာရေးအရ ဖိနှိပ်နေတယ် ပစ်ချက်က ဘာလုပ်ဖို့ ကြိုးစားလဲဆိုရင် UN မှာ တင်ဖို့ ကြိုးစားနေတယ်၊ UN ရဲ့ Assembly မှာ Agenda တစ်ခုအနေနဲ့ ပါအောင်လုပ်ဖို့ ကြိုးစားနေတယ်။ ကျွန်တော်တစ်ခု တက်ပြီးတော့ မိန့်ခွန်းပြောကြားရတဲ့အချက်ကလည်း ဒီဟာလည်း ပါတယ်။ ကျွန်တော့်မျက်နှာကို တွေ့လိုက်တော့ ဘန်ကီမွန်းတို့ ဘာတို့ကိုလည်း ရင်းနှီးနေတော့ တော်တန် ဒီကိစ္စလေးက ပြေပြေလည်လည် ဖြစ်သွားမယ် ဆိုပြီးတော့ ပါတယ်။ UN မှာ တင်ဖို့ ကြိုးစားနေတယ် UN ရဲ့ ခုနကလို Third Committee၊ Human Rights ကောင်စီ ဆိုတာ ရှိပါတယ်၊ အဲဒီမှာ တင်ဖို့ ကြိုးစားနေပါတယ်။ ဒါကို ကျွန်တော်တို့က တစ်ဖက်က ခြေဖျက်နေရတယ်။ တစ်ဖက်ကလည်း ကိုယ့်နိုင်ငံထဲမှာ ရှိနေတဲ့ ဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေရတယ်။ ခုနက ပြောသလို ဝန်ကြီးဌာနအနေနဲ့ အမိန့်ကို မနာခံဘဲ ဒီလို စာတွေကို ချုပ်တယ်၊ စခန်းတွေ ဘာတွေ ဖွင့်ဖို့ လုပ်တယ်ဆိုတာ မဟုတ်ပါဘူး။
ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ပတ်သက်သည့် Hot News Journal မှ မေးမြန်းချက်။အဲဒီတော့ ခုနကလို လယ်မြေ သိမ်းဆည်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သုံလေးခါလောက် ဖြေပြီးဖြစ်ပါတယ်။ အဲဒီတော့ ဆင်းရဲနွမ်းပါမှုလျှော့ချရေးနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ကျွန်တော်တို့ စီမံချက် လုပ်ငန်းစီမံချက် (၈) ရပ်ချပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲဒီတော့ ဒီဟာလည်း ခုနကလို ချက်ချင်းတော့ နေ့ချင်းညချင်း တောင်သူလယ်သမားတွေကတော့ လေထိုးပေးလိုက်သလိုတော့ ချမ်းသာ လာစရာတော့ သိပ်တော့ အကြောင်းမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့လည်း တတ်နိုင် သလောက် သူတို့ကိုပေးနိုင်ပြုနိုင် အရင်းအနှီးတွေ ထုတ်ပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ နောက် သူတို့ဘက်ကလည်း ခုနကလို အလုပ်အကိုင်ကို ကြိုးစားပမ်းစားနဲ့ လုပ်ဖို့လိုပါတယ်။ အဲဒီတော့ နည်းလမ်းမျိုးစုံနဲ့တော့ ကျွန်တော်တို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။ နိုင်ငံရဲ့စီးပွားရေး အခြေအနေ တိုးတက်လာတာနဲ့အမျှ တောင်သူလယ်သမား တွေရဲ့ အရင်းအနှီးတွေဘာတွေ ဒါတွေလည်း ပိုမိုပြီးတော့ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ မနေ့တစ်နေ့ကပဲ ကျွန်တော်တို့ ဟိုတုန်းကဆိုရင် တောင်သူလယ်သမားတွေရဲ့ အမတော်ကြေး အနေနဲ့ ကျွန်တော်ထင်တယ် လေးသောင်း လေးသောင်းပဲရတယ်။ လေးသောင်းကနေ ပြီးတော့ ကျွန်တော်တို့ အခု ငါးသောင်း၊ ငါးသောင်းကနေပြီး တစ်ခါတည်း အခု နွေစပါး စိုက်တဲ့သူတွေဆိုရင် ရှစ်သောင်း ဒီလိုတွေ ကျွန်တော်တို့ ပေးနိုင်သလောက် ပေးနေတာပါ။ ဒီဟာကလည်း တိုင်းပြည်ရဲ့ဘတ်ဂျတ်ကနေ ပေးရတာဖြစ်တဲ့ အတွက်ကြောင့် ဘဏ္ဍာငွေ အခြေအနေပေါ်မှာပဲ ကျွန်တော်တို့ လုပ်ပေးရတာဖြစ်ပါတယ်။ နောက် တောင်သူလယ်သမားတွေရဲ့ဘဝ တိုးတက်လာဖို့အတွက် ကျွန်တော်တို့ တကယ် စေတနာ ထားပြီးတော့ လုပ်နေပါတယ်လို့ ဖြေချင်ပါတယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 25 2012 01:17 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012