မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၃)
မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ
၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။
ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ပြည်သူ့အသံကို သိရှိရန် ဘယ်လို လုပ်မည်လဲဟု Venus Journal မှ မေးမြန်းချက်အဲဒီတော့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ နော်။ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားသာ လက်မခံတာ ဖြစ်ရင် ဖြစ်မယ်။ ပြည်ပကအထိတော့ လက်ခံနေကြတာ။ ပြောင်းလဲနေတာတော့ အမှန်ပါပဲ။ ခုနကလို ဟုတ်တယ်မို့လား။ သို့သော်လည်း လူတိုင်း ကျေနပ်အောင် ပြောင်းလဲနိုင်ဖို့ ဆိုတာကတော့ ခက်တာက ခုနက တော်တော်လေး ကျွန်တော်တို့ ခက်ပါတယ်။ အချိန်လဲ ကျွန်တော်တို့ ယူရမှာပါ။ အဓိကကတော့ ခုနကလို စားဝတ်နေရေး ပါ။ စားဝတ်နေရေးတွေ ကျွန်တော်တို့ အဆင်ပြေဖို့ လိုပါတယ်။ ခုနကလို ကျွန်တော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ လိုတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရတာနဲ့ တစ်ပြိုင်တည်း ခုနလို ကျွန်တော်တို့ ဝင်ငွေ ကျွန်တော်တို့ ရလာမယ်။ ဝင်ငွေရရင် စားနိုင်မယ်၊ ဝတ်နိုင်မယ်၊ နေနိုင်မယ်၊ ကလေးတွေအတွက် ခုနကလို ကျောင်းထားနိုင်မယ်။ ဆေးဝါးကုသနိုင်မယ်။ အဲဒီတော့ ဒါတော့ ခြုံကြည့်လိုက်ရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးရော၊ အဲတော့ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့အမျှ နော်၊ ဒါ ပြည်သူတွေရဲ့ အကျိုးခံစားခွင့်တွေ နော်။ ဒါတွေလဲ ကျွန်တော်တို့ ရရှိလာမှာပဲ ကျွန်တော်တို့ ဖြစ်ပါတယ်။ အဲတော့ ပြည်သူတစ်ဦးချင်း ခုနကလို ဒီလို အကျိုးခံစားခွင့်တွေ ရဘို့အတွက်ကတော့ အစိုးရချည်းပဲ ကျွန်တော်တို့ လုပ်ပေးလို့ မရပါဘူး။ အစိုးရချည်းပဲ လုပ်ပေးလို့ မရပါဘူး။ ဟုတ်လား၊ တစ်ဦးချင်းလဲ ခုနကလို အလုပ်ကို ကြိုးစားပမ်းစားနဲ့ ဒီလိုတွေ ကျွန်တော်တို့ လုပ်ကြကိုင်ကြဘို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ သိပါတယ်။ ပြည်သူရဲ့ဆန္ဒ ပြည်သူက ခုနလို ချမ်းသာဖို့ထက် သူတို့ရဲ့ ခုနကလို စားဝတ်နေရေးတွေ အဆင်ပြေဖို့အပြင် နိစ္စဓူဝ ခုနကလို သွားရေးလာရေးတွေ ကျွန်တော်တို့ အဆင်ပြေဖို့ ။ နောက်တစ်ခါ မီး ရရှိဘို့။ ရေ ရရှိဘို့။ နောက် ခုနကလို ဘတ်စကားကို ကြပ်ထပ်ပြီးတော့ စီးနေရတာမျိုးတွေ မဖြစ်ချင်ဘူး။ နောက်တစ်ခါ ခုနကလို ဒီ ဟိုင်းလတ်ကားကို ပူးဖောင်းနေအောင် နောက်ကနေ ကျော်တက်ပြီး စီးတာမျိုးတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်၌ကလည်း ပြည်သူထဲကနေ ကျွန်တော်တို့လာတဲ့ ပြည်သူတွေပါ ပဲ။ ပြည်သူထဲမှာမှ ဆင်းရဲသားဘဝကို ကျွန်တော်တို့ ဖြတ်သန်းပြီးတော့မှ သမ္မတ ကျွန်တော် ဖြစ်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီဘဝတွေ ကျွန်တော် နားလည်ပါတယ်။ သိပါတယ်။ သို့သော်လည်း ဒီ အချိန်တိုတိုအတွင်းမှာ အချိန်ကာလလေးတစ်ခုအတွင်းမှာ အားလုံး ကျေနပ်အောင် လုပ်ပေးနိုင်ဘို့ ဆိုတာကတော့ ကျွန်တော် ထင်တယ်။ သိကြားမင်းတောင်မှ နည်းနည်း ခက်လိမ့်မယ် ထင်တယ်။ ဟုတ်လား နော်၊ ကျွန်တော် ဒီအတိုင်းပဲ ဖြေလို့ ရပါတယ်။
နိုင်ငံတော်သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal မှ မေးမြန်းချက်။သမ္မတလစာ ဘယ်လောက်ရလဲ မေးရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိန်းငါးဆယ် ရပါတယ်။ ကျွန်တော်သာ သိန်းငါးဆယ် ယူလိုက်ရင်တော့ ဒီနေ့ ယူ၊ မနက်ဖြန် ပြုတ်မယ်နဲ့ တူတယ်၊ ကြည့်ရတာ။ တိုင်းပြည်က ဒီလောက် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ အခါမှ ကျွန်တော်ဘယ်လိုလုပ် ယူရက်မလဲ။ အရင် နယက အစိုးရလက်ထက် ပေးနေတဲ့ လစာတွေ ရှိပါတယ်။ နိုင်ငံအကြီးအကဲက ကျွန်တော် ထင်တယ်၊ ဆယ့်ငါးသိန်း ထင်တယ်။ ဆယ့်ငါးသိန်းပါ ပဲ။ ဆယ့်ငါးသိန်းနဲ့ သိန်းငါးဆယ်ဆိုရင် အင်မတန်မှ ကွာပါတယ်။ အဲဒီတော့ ဒါဆိုရင် ရပါပြီ ဟုတ်လား။ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်ရတဲ့ ဆယ့်ငါးသိန်းက ကုမ္ပဏီတွေမှာ လုပ်နေတဲ့ လူလောက်တောင် မများဘူး မဟုတ်လား။ ဟုတ်တယ် မလား။
အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု ကြံခိုင်ရေးပါတီမှ လွတ်တော်အမတ်များကို တိုက်တွန်း ပြောဆိုမည်လားဟု Popular Journal မှ မေးမြန်းချက် အဲဒီအဖြေကတော့ ကျွန်တော်ထင်ပါတယ်။ တိုတိုတောင်တောင်းနဲ့ ဖြေရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါပြီး ဖြစ်ပါတယ်။ သမ္မတက သမ္မတသက်တမ်းကာလအတွင်းမှာ ပါတီလုပ်ငန်းများ မလုပ်ရလို့ ဆိုတဲ့အတွက်ကြောင့် ကျွန်တော် သွားပြီး တိုက်တွန်းလို့လည်း မရပါဘူး။ ဒီလို ခုနလို အပြင်မှာလိုလည်း ပြောလို့ ပြုလို့လည်း မရပါဘူး။ ဒါကြောင့်မို့လို့ ခုနကလို လွှတ်တော်ထဲမှာရှိနေကြတဲ့ ပြည်ခိုင်ဖြိုး ပါတီကတင် မဟုတ်ပါဘူး၊ ကျန်တဲ့ပါတီက ကိုယ်စားလှယ်တွေအားလုံးရဲ့ သဘောထားပေါ်မှာ မူတည်ပါတယ်လို့ ဒီအဖြေကိုပဲ ကျွန်တော် ပြန် ဖြေရမှာ ဖြစ်ပါတယ်။
ပြည်သူလူထုအတွင်း အောက်ခြေက ဖြစ်ပျက်နေသည့် တကယ့်အခြေအနေကို သိပါသလားဟု ပြည်မြန်မာဂျာနယ် မှ မေးမြန်းချက်ခင်ဗျား ရန်တွေ့တာတော့ မဟုတ်ပါဘူး နော်။ အခြေအနေမှန်ကို သိပါရဲ့လားဆိုတော့ သိသင့်သိထိုက်တဲ့ဟာတွေလည်း ကျွန်တော်တို့ သိပါတယ်။ မသိတာတွေလည်း ရှိမှာပါ။ ဒါကို အမှန်အကန်အတိုင်း ကျွန်တော်တို့ ပြောရတာ ဖြစ်ပါတယ်။ စောစောက ခုနလို လာဘ်ပေးလာဘ်ယူမှုတွေ၊ ခြစားမှုတွေ၊ ဒါတွေက အစိုးရအဖွဲ့အတွင်းတင် ရှိတာ မဟုတ်ပါဘူး။ ကျန်တဲ့အဖွဲ့တွေမှာလည်း ရှိပါတယ်။ ဒါတွေက ကျန်တဲ့ ဒီ အလွှာတွေမှာလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါတွေက ချက်ခြင်းလက်ငင်း အာလာဒင် အုံဖွပြီးစေ ဆိုပြီးတော့ ဒီလို ကျွန်တော်တို့ လုပ်လို့ မရပါဘူး။ မန်းမှုတ်ပြီးတော့ လုပ်လို့ မရပါဘူး။ အချိန်ယူပြီးတော့ ပြင်ရမှာ ဖြစ်ပါတယ်။ အချိန်ယူ ပြင်ရတဲ့ အပိုင်းမှာ ပထမပိုင်းက ခုနကလို အသိပညာပိုင်းတွေ ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ခုနကလို စားဝတ်နေရေးအပိုင်းတွေ အဆင်ပြေအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စားဝတ်နေရေး အဆင်မပြေပဲနဲ့ ကျွန်တော်တို့ စကားပုံ ရှိပါတယ်။ အူမ မတောင့်ပဲနဲ့ သီလ မစောင့်နိုင်ဘူး ဆိုတာ ရှိပါတယ်။ အဲဒီတော့ စားဝတ်နေရေးတွေ၊ ဒါတွေ ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ပေးရမှာပါ။ တစ်ခါ စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဖို့အတွက် တိုင်းပြည်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လိုပါတယ်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဒါတွေက ကျွန်တော်တို့ လုပ်ရပါမယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ လူတွေက စားနိုင်တယ်၊ ဝတ်နိုင်တယ်၊ နေနိုင်တယ်၊ ခုနလို ဘယ်သူ့ကိုမှ ခုနကလို ကျွန်တော်တို့ ဘယ်သူ့ဆီကမှ လက်ဖြန့်ပြီးတော့ တောင်းနေစရာ မလိုဘူးဆိုရင် စောစောက ဒါတွေကလည်း တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အဲဒါ ချက်ခြင်းတော့ ပပျောက်အောင် လုပ်ဖို့က ကျွန်တော်တင် မဟုတ်ပါဘူး၊ လုပ်နိုင်တဲ့လူဆိုရင်လည်း ကျွန်တော်တို့ လာပြီးတော့ လုပ်စေချင်ပါတယ်။ မရနိုင်သေးပါဘူး။ ဒါ ပကတိအမှန်တရားပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက မြေယာတွေ သိမ်းတယ်၊ ပြုတယ်၊ ဘာညာ ဒီကိစ္စတွေကတာ့ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေတစ်ကွက်မှ ကျွန်တော်တို့ သိမ်းတာ မရှိပါဘူး။ ဒါ အရင်တုန်းက ပြဿနာ ပါ။ အဲဒီတော့ ဒီ ပြဿနာတွေ ဖြေရှင်းဖို့အတွက်ကလည်း ကျွန်တော်တို့မှာ မခက်ပါဘူး။ ဥပဒေတွေ ရှိပါတယ်။ ခုနကလို ဥပဒေ ရှိပါတယ်။ အဲဒီတော့ သိမ်းတဲ့သူ ရယ်၊ အသိမ်းခံရတဲ့သူ ရယ်၊ ဥပဒေ ရယ်၊ တရားရုံး ရယ်၊ အဲဒီတော့ ဒီ လေးယောက် ဖြေရှင်းလိုက်လို့ ရှိရင် အဲဒီပြဿနာက ပြေလည်သွားမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ဒီကနေ့ ထုတ်ပြန်ထားတဲ့ ဥပဒေ လယ်ယာမြေဥပဒေဆိုတာလည်း ရှိပြီး ဖြစ်ပါတယ်။ နည်းဥပဒေတွေလည်း ထွက်ပြီး ဖြစ်ပါတယ်။ မြေလွတ်မြေရိုင်း ဥပဒေတွေလည်း ရှိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ပြဿနာကို ဘယ်သူ ရှင်းရမလဲဆိုတော့ တိုင်တဲ့လူ ရယ်၊ အတိုင်ခံရတဲ့လူ ရယ်၊ နောက်တစ်ခါ ဥပဒေ ရယ်၊ တရားရုံး ရယ်၊ အဲဒီတော့ ဒီ လေးယောက် မျက်နှာချင်းဆိုင် ရှင်းလိုက်တဲ့အခါ ပြီးသွားမှာပါ ခုနကလို။ ကဲ ဒီအတိုင်းပဲ၊ ကျွန်တော် ဒီလောက်ပဲ ဖြေပါရစေ။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 23 2012 11:24 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012