မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၁)
မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ
၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် နောက်ပိုင်း တရားမဝင် ခိုးဝင်လာသူများနှင့် ပတ်သက်ပြီး Nippon Television သတင်းထောက်တစ်ဦးမှ မေးမြန်းချက်။ ၁၉၈၂ ခုနှစ် ဥပဒေက အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဒီ သင်ခန်းစာတွေ ရယူပြီးတော့မှ အကောင်းဆုံးရေးဆွဲထားတဲ့ ဥပဒေတစ်ခုလို့ ဒီကနေ့တော့ ဒီလိုပဲ သတ်မှတ်ထားတယ်။ အဲ့တော့ ဟိုတုန်းက ၄၈ ခုနှစ်မတိုင်ခင် ၀င်လာတဲ့သူတွေ၊ ဒါကတော့ အကြောင်းကြောင်းတွေ သူက ရှိပါတယ်။ အဲ့တုန်းက ခုနကလို အင်္ဂလိပ်တွေ ခေါ်လာတာလည်းရှိတယ်။ ဒီမှာလာပြီးတော့ လယ်ယာ လုပ်ကိုင်ကြ၊ ပြုကြ ဟိုတုန်းကတော့ စပါးတွေဘာတွေ ရိတ်ပြီး ပြန်ပေါ့။ နောက်ပိုင်းကျတော့ စပါးတွေရိတ်ပြီး မပြန်တော့ဘဲ ဒီမှာ အခြေချ နေထိုင်ကြတဲ့သူတွေလည်း ရှိပါတယ်၊၊ အဲ့တော့ ဒီလူတွေကနေ ပေါက်ဖွားလာတဲ့ သူတွေ တတိယမျိုးဆက်ပေါ့၊ Third Generation ကျရင်တော့ ဥပဒေအရပေါ့၊ နိုင်ငံသား အဖြစ်ပေါ့၊ နိုင်ငံသားအဖြစ်နဲ့ ခုနကလို ဥပဒေမှာ ပြဌာန်းထားတာ ရှိတယ်။ လက်ရှိအတိုင်း ကတော့ ဒီဥပဒေအတိုင်းပဲ သွားနေတာပဲ။ အကယ်၍ ပြင်မယ်၊ ပြုမယ်ဆိုရင်တော့ ဒါ ဘာနဲ့ ဆိုင်မလဲဆိုတော့ သူက လွှတ်တော်နဲ့ သွား ဆိုင်တယ်။ လွှတ်တော်က သူက ပြင်ဖို့ လိုအပ်တယ်ဆိုရင် လွှတ်တော်က ဆုံးဖြတ်ပြီး သူက ပြင်ပေးသွားမှာ ဖြစ်ပါတယ်၊ နောက်တစ်ခုက ဒီမှာလည်း ခုနကလို ပြည်ပက ခိုးဝင်လာတဲ့သူတွေ ဒီအပိုင်းကတော့ ကျွန်တော်တို့ စိစိစစ်စစ်နဲ့ လုပ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း လ၊ ၀၊ က ကလည်း အောက်ခြေကနေပြီးတော့ စာရင်းတွေကောက်တာ ပြုတာတွေ ရှိပါတယ်။ နောက်တစ်ခုကလည်း ခုနကလို သန်းခေါင်စာရင်းတွေက အန်ကယ်တို့ ကောက်ဖို့၊ ပြုဖို့ကို အစပျိုးပြီး လုပ်နေပါတယ်။ ဘယ်သူတွေက ခုနကလို နောက်ပိုင်းမှာ ခိုးဝင်လာနေသလဲ၊ ဘယ်လောက် ရှိသလဲ၊ အဲ့တော့ ဒါတွေကို အပြည်ပြည်ဆိုင်ရာကနေ လက်ခံလာအောင် ဘယ်လို လုပ်မလဲ၊ ဒါတွေကတော့ ရှေ့ဆက်ပြီးတော့ စဉ်းစားပြီးတော့ လုပ်သွားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီဟာတွေက တိတိကျကျတော့ မဟုတ်ပါဘူး။ ဘာမှ ခုနကလို လ၊ ၀၊ က ကလည်း ကောက်ပြုပြီးတော့မှ တိတိကျကျ သူက ပြောတာ၊ ပြုတာ မရှိသေးပါဘူး။ သန်းခေါင်စာရင်း ကောက်လိုက်၊ ပြုလိုက်ရင်တော့ ဒါတွေက ခုနကလို တိတိကျကျနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။အန်ကယ်တို့နိုင်ငံတင် မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေလည်း ရှိပါတယ်၊ ရှိတော့ အပြည်ပြည်ဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အန်ကယ်တို့က ခုနကလို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်မယ်ဆိုတာတော့ အန်ကယ်တို့မှာ အဆုံးအဖြတ် ဘာညာ လောလောဆယ်တော့ ပေးလို့ မရသေးပါဘူး။
Cobra Gold စစ်ဆင်ရေးမှာ မြန်မာ ပါဝင်ပတ်သက်မှုအား Irrawaddy သတင်းထောက် တစ်ဦးမှ မေးမြန်းချက်။အဲ့ဒါကို ဖြတ် ပြောလိုက်မယ်နော်။ Cobra Gold ဆိုတာ ဟိုတုန်းကလည်း လုပ်နေတယ်။ ဒါတွေနဲ့ ဟိုတုန်းကလည်း ဒီဟာနဲ့ ပူးပေါင်းဆောင်ရွက်တယ် ဆိုတာ မရှိပါဘူး။ ဒါနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတာ၊ သွားလုပ်ဖို့ဆိုတာ အစီအစဉ် လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရပိုင်းချည်းပဲ တရားဝင် ပို့တာ ပြုတာ မရှိပါဘူး။ ပူးပေါင်း ဆောင်ရွက်ဖို့ သွား လေ့လာဖို့ ဆိုတာ အစီအစဉ် လုံးဝ မရှိပါဘူး။ စစ်ရေးအကူအညီကလည်း လောလောဆယ် ကျွန်တော်တို့က မလိုပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်နိုင်ငံကိုမှ ကျွန်တော်တို့က ရန်ပြုနေတာမှ မရှိတာ။ သူ့ဆီက စစ်ရေးအကူအညီ မလိုပါဘူး။ သို့သော်လည်းပဲ နည်းပညာ အကူအညီပိုင်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ လွှတ်ဖို့ ပြုဖို့ကိုတော့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ဟိုတုန်းက အရာရှိသင်တန်းတွေ လက်ခံပေးတာ ရှိပါတယ်။ ဒါမျိုးလောက်ပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရ၏ လမ်းပြမြေပုံနှင့် ပတ်သက်ပြီး Modern Journal မှ မေးမြန်းချက်။ သမီး ခဏ။ ဒီကိစ္စကတော့ ဖြေပြီး ဖြစ်ပါတယ်။ အန်ကယ်တို့က ခုနကလို မူဝါဒ သုံးရပ်နဲ့ ဒီကအဆင့် သုံးဆင့်နဲ့ အန်ကယ်တို့ လုပ်နေပါတယ် ။ ပထမအဆင့်ကတော့ ပြည်နယ်အဆင့် ပါ။ ပြည်နယ်အဆင့်ကတော့ ခုနကလို သိပ် ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပါဘူး။ ပြည်နယ်အတွင်းမှာ ပစ်တာခတ်တာ တိုက်တာခိုက်တာတွေ ဒါတွေ။ နောက်တစ်ခုက ခုနကလို ဒီ ပြည်ထောင်စုအဆင့် ပါ။ ပြည်ထောင်စုအဆင့်မှာတော့ ခုနကလို ပြည်ထောင်စုက ဖွဲ့ပေးထားတဲ့ ငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး ၊ ခုနကလို လုပ်ငန်းကော်မတီ ချင့်ချိန်တာတွေ၊ ဆွေးနွေးတာတွေ ဒါတွေဆက်ပြီး လုပ်နေပါတယ်။ တတိယအဆင့်ကတော့ လုပ်ငန်းရေးရာ ဆွေးနွေးစရာတွေက အများကြီး ရှိပါတယ်။ မတူညီကြပါဘူး။ သူတို့ရဲ့ လိုအင်ဆန္ဒတွေ သူတို့ရဲ့ ဒီမိုကရေစီ၊ သူတို့ရဲ့ အတွေးအခေါ်တွေ ၊နိုင်ငံရေးအပိုင်းမှာ အများကြီး။ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ လွှတ်တော်ကနေ၊ အဲဒီမှာအရေးကြီးဆုံး မူဝါဒကတော့ ခုနကလိုတို့ တိုင်းရင်းသားအားလုံးဟာ တို့နိုင်ငံထဲကနေပြီးတော့ ခုနကလို အတူတကွ ဥမကွဲသိုက်မပျက်နဲ့ ရာသက်ပန် တို့နေမယ်ဆိုတဲ့ဟာ ဒါ အရေးကြီးဆုံး မူဝါဒ ဖြစ်ပါတယ်။ နောက်အချက်ကတော့ ခုနကလို ဒို့ရဲ့ ပြည်ထောင်စုကြီးကို ပြိုကွဲသွားအောင် မလုပ်ဖို့၊ တို့ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲသွားအောင် မလုပ်ဖို့၊ တို့ရဲ့ အချုပ်အခြာအာဏာကို ပျက်သုဉ်းသွားအောင် မလုပ်ဖို့ အရေးကြီးဆုံး မူဝါဒ၊ ဒီ မူဝါဒကို ချမှတ် ဖို့ပဲ ဖြစ်ပါတယ်။ သမီး အဲဒီဟာကတော့ ဒီ UNFC ဆိုတာက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း အချို့က လွှတ်တော်ဆွေးနွေးပွဲဆိုရင် ပြောတယ်။ အဖွဲ့ဆိုတာ ဒီထဲမှာ ပါဝင်တဲ့ ဒီ သူတို့က လူမျိုးစုတွေက တိုက်ရိုက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။
သယံဇာတ ရောင်းချမှုမှ ရရှိသည့် ငွေပမာဏအား လွှတ်တော်တွင် တင်ပြဖို့ ရှိ၊ မရှိ Nay Pyi Taw Times မှ မေးမြန်းချက်။ပွင့်လင်း မြင်သာသော ကျွန်တော်တို့ တင်ပြဖို့ ရှိ၊ မရှိဆိုတာ ကျွန်တော်တို့ ဘတ်ဂျက် တင်ရတဲ့အခါမှာ အရငွေဆိုတာ ကျွန်တော်တို့ ပြရပါတယ်။ ဒီအရ ငွေပေါ်မှာ ကျွန်တော်တို့ ဘာတွေ သုံးမယ်ဆိုတာကျွန်တော်တို့ ပြရပါတယ်။ အဲဒီတော့ ရငွေအပေါ်မှာ ခုနက ကျွန်တော်တို့ ရတဲ့ဟာ အဲဒီတော့ သဘာဝ အရင်းအမြစ်တွေကို ခုနကလို ဘယ်လို အစီအစဉ်နဲ့ သုံးနေလဲဆိုတာ ကျွန်တော်တို့ စောစောက ပြောသွားတဲ့အထဲမှာ ပါ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးပြီး လက်တွဲ လုပ်ဆောင်ရန်နှင့် ပက်သက်ပြီး NHK မှ မေးမြန်းချက်ခုနကလို ထပ်ပြီးတော့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ သို့သော် အကြောင်းရှိရင် အကြောင်းရှိလို့ တောင်းဆိုလာတဲ့အခါမှာတော့ တွေ့ဆုံလို့ ရပါတယ်။ တာဝန်ပေးတာ ကျတော့ရော။ တာဝန်ပေးတာကျတော့ ခုနကလို ဘယ်လိုလူက တာဝန်ပေးမယ် ၊ ဘယ်လို တာဝန်ပေးမလဲဆိုတာ သူ့အပေါ်မှာလဲ အများကြီး မူတည်ပါတယ်။ သို့သော် ပြောမယ်ဆိုရင်တော့ ခုနကလို အစိုးရ၀န်ကြီးအသစ်နေရာမှာ အလုပ်လုပ်မယ် ဆိုလို့ရှိရင် လွှတ်တော်ကနေ ထွက်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်။ အဲဒီတော့ လွှတ်တော်က နေ ထွက်မှ ရမယ်၊ ခုနကလိုနော်။ ဒါတွေက အများကြီးပဲ ရှိပါတယ်။ ဘာလို့ဆိုတော့ သူတို့က ခေါင်းဆောင်နေရတဲ့ ဒီ ပါတီကို ခုနကလို ၊ သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အန်ကယ်တို့ကတော့ ခုနကလို ပေးချင်တာတွေ၊ မပေးချင်တာတွေ၊ ချစ်တာတွေ၊ မုန်းတီးတာတွေ ဒါတွေ စိတ်ထဲ မရှိပါဘူးနော်။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဒီ သားစဉ်မြေးဆက် ဒီ အမွေအနှစ်တွေကို ဆက်ပြီးတော့ ကျွန်တော်တို့ ခံစားရဖို့ လိုပါတယ်။ ကျွန်တော်တို့ လက်ထက်မှာချည်းပဲ အကုန် ထုတ်ယူပြီးတော့ သုံးစွဲသွားဖို့ ကျွန်တော်တို့ မရပါဘူး။ ဒါတွေကတော့ စောစောက ပြောတဲ့ မူဝါဒ ကျွန်တော်တို့ ၄ ရပ်နဲ့ ချမှတ်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 23 2012 11:16 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012