နယူးယောက်မြို့ ရွှေည၀ါ ဆရာတော် တရားပွဲ
အမေရိကန်ပြည်ထောင်စုကို သာသနာပြုခရီး ကြွရောက်တော်မူလာတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟ ဓမ္မသဘင်တရားပွဲတော်ကို နယူးယောက်မြို့ 4145 73rd Street, Woodside NY 11377 ရှိ ၀င်းရွှေဝါခန်းမတွင် ၂၀၁၂ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှ ည ၉ နာရီ ၁၀ မိနစ်အထိ ကျင်းပခဲ့ရာ ပရိသတ် ၇၀ ခန့် တက်ရောက်ခဲ့ပါတယ်။
တရားပွဲ ကျင်းပခြင်းနဲ့ ပတ်သက်ပြီး တရားပွဲ ဖြစ်မြောက်အောင် စီစဉ်သူတဦးဖြစ်တဲ့ ကိုမိုးချမ်းအား ယနေ့မြန်မာက တွေ့ဆုံ မေးမြန်းကြည့်ရာ “ကျွန်တော်တို့ လက်လှမ်းမီသလောက် နယူးယောက် မြန်မာအသိုင်းအ၀ိုင်းထဲက ပုဂ္ဂိုလ်တွေနဲ့ စုစည်းပြီး ရွှေည၀ါဆရာတော်ရဲ့တရားပွဲကို ကျင်းပခဲ့ပါတယ်။ ဒီလို စုစည်းတဲ့အခါ လက်လှမ်းမီးတဲ့ လူကြီး၊ လူငယ်မရွေး ဖိတ်ခေါ်ခဲ့ပါတယ်။ တရားပွဲ ဖြစ်မြောက်တယ်ဆိုတာလည်း မြန်မာအသိုင်းအ၀ိုင်းထဲက လူကြီးတွေရဲ့ အကူအညီ မပါဘဲ မဖြစ်နိုင်ပါဘူး။“ လို့ ရှင်းပြပါတယ်။ ထို့နောက် တရားပွဲနဲ့ ပတ်သက်တဲ့ ခံစားချက်ကို မေးမြန်းကြည့်တဲ့အခါ “ကျွန်တော်တို့က တော်တော်လေး ၀မ်းသာပါတယ်။ ဒိထက်ပိုပြီး တရားနာမယ့် ပုဂ္ဂိုလ်တွေ ရှိရင်တော့ ပိုကောင်းတာပေါ့။ ဘာ့ကြောင့်ဆိုတော့ ရွှေည၀ါဆရာတော်ဆိုတာက ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ သံဃာတွေရဲ့ အခြေအနေတွေ၊ တရားဓမ္မတွေကို ဟောပြောလေ့ရှိတော့ တရားဓမ္မ နာကြားရရုံတင်မက အသိအမြင် ဗဟုသုတ ရပါတယ်။ ကျွန်တော်တို့အတွက်လည်း ပိုပြီး ၀မ်းသာအားရ ဖြစ်ကြရမှာပါ။“ လို့ ပြောပြပါတယ်။
ရွှေည၀ါဆရာတော် ဓမ္မသဘင် တရားပွဲတော်တွင် ဆရာတော်က သစ္စာလေးပါး တရားတော်ကို ဟောကြားခဲ့ရာ အသိရှိပြီး အကျင့် မပါရင် အသိဟာ မပြည့်စုံကြောင်း၊ ဒါ့ကြောင့် သိတဲ့ အသိနဲ့ ကျင့်တဲ့ အကျင့်နဲ့ ဟန်ချက်ညီညီ အချိုးကျကျသိအောင် ကြိုးစားဖို့ လိုကြောင်း၊ ဒါ့ကြောင့် အသိနဲ့အကျင့် ဟန်ချက်ညီညီ အချိုးကျကျ သိအောင် နေထိုင်တတ်ဖို့ လိုအပ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံသားများ နေထိုင်ခဲ့ကြရတဲ့ ဘ၀နဲ့ ပတ်သက်ပြီး “ကိုယ့်ရေနွေးကြမ်းကို သောက်ကာ အသံကျယ်ကျယ် ပြောနိုင်တဲ့ဘ၀ကို မရကြကြောင်း၊ အဲဒါကြောင့် ရေကြည်ရာ မြက်နုရာ သွားကြရင်း ကမ္ဘာအနှံ့ ရောက်ကြကြောင်း။“ ဟောကြားပါတယ်။ ထို့နောက် ဒယ်အိုးဆရာတော်နဲ့ ပတ်သက်၍ ”ဘုန်းကြီးဘ၀ ယိမ်းယိုင်ပြိုပျက်တဲ့အချိန်မှာ ဒယ်အိုးဆရာတော်က ကူညီခဲ့ကြောင်း၊ ကျောင်းကို အလှူခံ ပါ၊ ကျောင်းကို လှူဒါန်းပါမယ်လို့ မိန့်ကြားကြောင်း၊ သို့သော် လက်မခံခဲ့ကြောင်း။“ လို့ ရှင်းပြပါတယ်။
တဏှာနဲ့ ပတ်သက်ပြီး ပြောကြားရာ မုရုလက္ခဏဇာတ်ကို အခြေခံပြီး တဏှာတောင့်တမှု ဆန္ဒဟာ တိုးပွားလာတတ်ကြောင်း၊ တဏှာဆိုတာ လူ့ဘုံ၊ နတ်ဘုံ၊ အပ္ပါယ်ဘုံ စသည်ဖြင့် ဘ၀တွေ အထပ်ထပ် ဖြစ်ပေါ်စေကြောင်း အမိန့်ရှိပါတယ်။တရားပွဲ စီစဉ်သူများအနေနဲ့ ရွှေည၀ါဆရာတော် ဓမ္မသဘင် တရားပွဲတော် ဖြစ်မြောက်ရေးအတွက် အလှူငွေ ၅၅၀ ကျပ်ဖြင့် စတင် မတည်ခဲ့ပြီး ဆရာတော်အား အလှူတော်ငွေ ၁၉၁၂ ကျပ် လှူဒါန်းခဲ့ကြပါတယ်။
အလှူငွေ စုပေါင်း ပေးအပ် လှူဒါန်းစဉ်
သတင်း - နယူးယောက်မြို့ ရွှေည၀ါ ဆရာတော် တရားပွဲ - Sep 1 2012 08:46 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
