တောင် ကိုရီးယားတွင် တပတ်အတွင်း ဒုတိယမြောက် တိုင်ဖုန်း ၀င်ရောက်
ပြီးခဲ့တဲ့ အင်္ဂါနေ့ (၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့) က ဘိုလာဘဲန် တိုင်ဖုန်းလေမုန်တိုင်း တိုက်ခတ်ပြီးနောက် သြဂုတ် ၃၀ ရက် ညနေပိုင်းက ကိုရီးယားနိုင်ငံ တောင်ဘက် အစွန်းက စတင်၍ တန်ဘမ် တိုင်ဖုန်းလေမုန်တိုင်း ထပ်မံ ၀င်ရောက်လာခဲ့ပါတယ်။
ဘိုလာဘဲန်မုန်တိုင်းဟာ ရာစုနှစ်နီးပါးအတွင်း အပြင်းထန်ဆုံး တိုက်ခတ်တဲ့ မုန်တိုင်း ဖြစ်ပြီး ထို မုန်တိုင်းကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ စားနပ်ရိက္ခာ ရှားပါးမှု ဆိုးဆိုးရွားရွား ကြုံနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဘိုလာဘဲန်မုန်တိုင်းဒဏ်ကို ကိုရီးယားကျွန်းဆွယ်ရှိ တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံလုံး ဆိုးဆိုးရွားရွား ခံစားရပြီး နှစ်ရက်အကြာ တန်ဘမ်မုန်တိုင်း ထပ်မံ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
တန်ဘမ်မုန်တိုင်းဟာ တနာရီကို ၅၂ မိုင်နှုန်းအထိ တိုက်ခတ်ကာ သြဂုတ် ၃၀ ရက် ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း စဲန်ချွန် (Suncheon) မြို့မှတဆင့် ကုန်းတွင်းပိုင်းကို ၀င်ရောက်လာပြီး မိုးရေချိန် ၆ လက်မအထိ ရွာသွန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတပုဒ်တွင် ဖော်ပြထားပါတယ်။
ပထမ ဘိုလာဘဲန် လေမုန်တိုင်းကြောင့် အပျက်အစီး မြောက်များစွာ ရှိခဲ့ပြီးနောက် တန်ဘမ် လေမုန်တိုင်းက ထပ်မံ ၀င်ရောက်လာစဉ် လူ ၂ ဦး ထပ်မံ သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း၊ အိမ်ထောင်စု ၁၉,၀၀၀ ကျော် မုန်တိုင်းဒဏ် ခံကြရကြောင်း၊ လယ်မြေနဲ့ စိုက်ပျိုးသီးနှံများ များစွာ ပျက်စီး ဆုံးရှုံးကြရကြောင်း၊ ဆိုင်းဘုတ်များ၊ တိုက်ခန်းများရဲ့ အုတ်နံရံများ၊ ပြတင်းပေါက် မှန်တံခါးများ၊ ဓာတ်တိုင်များ၊ ပျက်စီး ပြိုပျက်ကြကြောင်း၊ မိုးများစွာ ရွာသဖြင့် ကားလမ်းများ ရေမြုပ်ခြင်း၊ ကားများ ရေထဲသို့ မျောပါခြင်း၊ သစ်ပင်များ ကျိုးကျ၍ ကားများ ပျက်စီးခြင်း စတဲ့ ပျက်စီး ဆုံးရှုံးမှုများစွာ ရှိနေကြောင်း ကိုရီးယား နိုင်ငံထုတ် သတင်းများမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းသတင်းကို ကြားသိရတဲ့ မြန်မာနိုင်ငံရှိ မိသားစုတွေက စိတ်ပူတဲ့အတွက် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများထံ တယ်လီဖုန်းဆက် မေးမြန်းကြ၊ အီးမေးလ်များနဲ့ ဆက်သွယ်ကြကြောင်း၊ ယခုအချိန်အထိ မြန်မာနိုင်ငံသားများ ထိခိုက် ဒဏ်ရာရရှိခြင်းနဲ့ ပျက်စီး ဆုံးရှုံးခြင်း မရှိကြောင်း သိရပါတယ်။
သတင်း - တောင် ကိုရီးယား တပတ်အတွင်း ဒုတိယမြောက် တိုင်ဖုန်း ၀င်ရောက် - Aug 31 2012 07:00 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
