၉၂ ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲ
သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ကျောင်းသားရဲဘော်ဟောင်းများ
ကျောင်းသားတပ်မတော် မြောက်ပိုင်းတွင် အချင်းချင်း သတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၉၂ ပါဂျောင်ရှင်းတမ်း - မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၂ သြဂုတ် ၃၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့ပါတယ်။ ထို သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်မြောက်ပိုင်းဒေသကို တောခိုသွားခဲ့ကြပြီး ကျောင်းသားတပ်မတော်တွင် ပါဝင်ခဲ့သူများက ထိုဒေသတွင် ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတပ်မတော်အတွင်း သတ်ဖြတ်ခဲ့မှုများအား ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို သတင်းစာရှင်းလင်းပွဲကို အခင်း ဖြစ်ပွားစဉ်ကာလက ကျောင်းသားတပ်မတော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာနိုင်အောင် မြန်မာပြည်ကို ပြန်ရောက်လာတဲ့ နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျောင်းသားရဲဘော်ဟောင်းတဦး ရှင်းလင်း တင်ပြစဉ်။
ကျောင်းသားရဲဘော်ဟောင်း ကိုဘိုဘိုက ရှင်းလင်း တင်ပြစဉ်။
ကျောင်းသားရဲဘော်ဟောင်းတဦး ရှင်းလင်း တင်ပြစဉ်။
ကျောင်းသားရဲဘော်ဟောင်း ကိုညီညီက ရှင်းလင်း တင်ပြစဉ်။
မျက်ရည်ကျနေတဲ့ နန်းခင်ထွေးကြည်ရဲ့ မိခင်
ဓါတ်ပုံသတင်း - ၉၂ ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲ - Aug 31 2012 07:00 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
