တောင်ကိုရီးယားရောက် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ စာပေဟောပြောပွဲ ကျင်းပမယ်
ကိုရီးယားနိုင်ငံကို မောင်စိန်ဝင်း (ပုတီးကုန်း) ရောက်ရှိစဉ်
တောင်ကိုရီးယားနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ထာဝရ ကဗျာ၊ စာပေ ကဗျာ ဟောပြောပွဲကို ပူချွန်း နိုင်ငံခြားသားရိပ်သာ၊ မြန်မာအသင်း (ကိုရီးယား) ခန်းမဆောင်ကြီး၌ ၂၀၁၂၊ သြဂုတ် ၁၉ ရက် (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီတွင် ကျင်းပမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) အား တောင်ကိုရီးယားနိုင်ငံတွင် သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့များက ကျင်းပခဲ့တဲ့ မာန်ဟဲ နှစ်ပတ်လည် စာပေဟောပြောပွဲ တက်ရောက်ရန် ကိုရီးယား ကဗျာဆရာများအဖွဲ့က ဖိတ်ကြားခဲ့တဲ့အတွက် မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို သြဂုတ် ၁၀ ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ မာန်ဟဲ ဆရာတော်ဟာ ကိုရီးယား နိုင်ငံ လွတ်မြောက်ရေးအတွက် အသက်စွန့်ခဲ့တဲ့၊ ထင်ရှားတဲ့၊ အချစ်ကဗျာများနဲ့ အခြားကဗျာများကို ရေးဖွဲ့ခဲ့သူ သူရဲကောင်း ဆရာတော်တပါး ဖြစ်ပါတယ်။
စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ စာရေးကောင်းသူ၊ ဟောပြောကောင်းသူ စာရေးဆရာတဦးအဖြစ် လူသိများရုံသာမက ထင်ရှား ကျော်ကြားတဲ့ ကဗျာများစွာကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အချစ်ဝတ္ထုများဟာ ၁၉၈၀ လွန် လူငယ်များအပေါ် လွှမ်းမိုးမှုအားကောင်းခဲ့ပြီး ကြိမ်ဖန်များစွာ ပုံနှိပ် ထုတ်ဝေခဲ့ရတဲ့ သောကခြေရာ ဝေဒနာ ကဗျာများ အပါအ၀င် ကဗျာများစွာ ရေးဖွဲ့ခဲ့သူတဦး ဖြစ်ပါတယ်။ ထို့အပြင် စင်ကာပူ၊ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာ စာပေဟောပြောပွဲများစွာ ဟောပြောခဲ့သူတဦး၊ ဖြစ်ပါတယ်။ ရန်ကုန် စက်မှုတက္ကသိုလ် တက်ရောက်ခဲ့သူ မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ အစိုးရ အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စာရေးဆရာတဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။
သတင်း - မောင်စိန်ဝင်း (ပုတီးကုန်း) စာပေ ဟောပြောပွဲ တောင်ကိုရီးယား - Aug 17 2012 12:13 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
