အရှင် ၀ီရသူ (မစိုးရိမ်) ထံ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်း လာရောက် ဂါရ၀ ပြု
၂၀၁၂ မေ ၂၉ ရက်နေ့က မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) ထံသို့ ပြည်ထောင်စု ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး၊ ဦးအောင်သောင်းနှင့်အဖွဲ့ လာရောက် တွေ့ဆုံ ကန်တော့ကြကြောင်း သိရပါတယ်။ ထိုသို့တွေ့ဆုံရာမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးတို့ ဆွေးနွေးကြကြောင်း၊ တွေ့ဆုံ ချိန် တစ်နာရီခန့်ကြာကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဦးအောင်သောင်းက အရှင်ဝီရသူအား သင်္ကန်းခြင်းလှူကာ ဧည့်သည်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။
အရှင် ၀ီရသူ (မစိုးရိမ်) ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများ စည်းရုံး လုပ်ဆောင်ခဲ့တဲ့ ဆရာတော်တဦး ဖြစ်ပါတယ်။ ထို့အပြင် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့ လျှပ်စစ်မီး ရရှိရေး ဆန္ဒပြပွဲများ အေးချမ်းစွာ အဆုံးသတ်နိုင်ရေးအတွက် ဆန္ဒပြသူများနဲ့ တွေ့ဆုံ ဟောပြောခဲ့သူလည်း ဖြစ်ပါတယ်။
ဦးအောင်သောင်းဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ အစိုးရအတွင်း၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွင်း သဘောထားတင်းမာသူအဖြစ် လူသိများသလို ၂၀၀၃ ဒီပဲယင်းလူသတ်ပွဲကို ကြိုးကိုင်သူများအနက် တဦးအပါအ၀င် ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။ လက်ရှိ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အပြည့်အ၀ မထောက်ခံသူ၊ စစ်တပ်နဲ့ အာဏာရ စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသူအဖြစ်လည်း အကဲခတ်များက ပြောကြပါတယ်။
ဒါ့ကြောင့် လူထုနဲ့ သံဃာထုအပေါ်မှာ သြဇာရှိတဲ့ အရှင် ၀ီရသူ (မစိုးရိမ်) အား ဦးအောင်သောင်း လာရောက် ဖူးမြှော်ခြင်းဟာ စိတ်ဝင်စားဘွယ်ကောင်းနေပါတယ်။
ဓါတ်ပုံသတင်း - အရှင် ၀ီရသူ (မစိုးရိမ်) ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်း - May 30 2012 12:32 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
