ကြို့ပင်ကောက်လေဘေး ကူညီမှု
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီ ထောက်ပံ့ရေးအပြင် အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်လျှက် ရှိသည်။ မကြာသေးခင် ရက်ပိုင်းအတွင်း၌ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့အား ၁၆၊ ၅၊ ၂၀၁၂ ရက်နေ့ ညနေ (၅း၃ဝ) နာရီအချိန်ခန့်တွင် သဘာဝလေဘေး (လေပြင်း) တိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူသားချင်း စာနာထောက်ထားကာ လေဘေးဒုက္ခသည်များအား အကူအညီများ ထောက်ပံ့ပေးရန် စီစဉ် ဆောင်ရွက်ခဲ့တော့သည်။
ကျောက်ဝအုပ်စု ရုံးပင်ရွာ၊ ဗိုလ်ရုံစုရွာ၊ စိန်တွင်းမြိုင်ရွာ၊ ချောင်းမရွာ၊ ရှားဖြူကုန်းရွာများရှိ အိမ်ခြေ (၉၄) လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ဆန်စက် (၁) လုံးနှင့် လူဦးရေ (၃ဝ၄) ဦး၊ ပျဉ်ထောင်တွင်းအုပ်စု ကြို့ပင်ဝိုင်းရွာရှိ အိမ်ခြေ (၆) လုံးနှင့် လူဦးရေ (၂၉) ဦး၊ သရက်ကုန်းအုပ်စု အနောက်တောင်ရိုးကွင်းရွာ၊ ရွှေရေကုန်းရွာများရှိ အိမ်ခြေ (၂) လုံး၊ အ.ထ.က (ခွဲ) ကျောင်း (၁)ကျောင်းနှင့် လူဦးရေ (၅) ဦး၊ ချောင်းနားစု အုပ်စု ကညွတ်ကွင်း၊ စိန်တပေါ်ရွာ၊ ချောင်းနားစုရွာများရှိ အိမ်ခြေ (၁၄) လုံးနှင့် လူဦးရေ (၉၀) ဦး၊ ဆင်နင်း ပင်အုပ်စု ကတက်ကုန်းရွာရှိ အိမ်ခြေ (၁) လုံး၊ လူဦးရေ (၄) ဦး၊ ကျောက်ဝအုပ်စု ဖလံပင်ရွာနှင့် သဲခုံရွာများ ရှိ အိမ်ခြေ (၆) လုံးနှင့် လူဦးရေ (၂၂) ဦး၊ ညောင်ပင်မြင်းစီးအုပ်စု ရွာသစ်ရွာနှင့် ကျင်စွယ်ရွာရှိ အိမ်ခြေ (၈) လုံးနှင့် လူဦးရေ (၂၄) ဦး၊ အုန္နဲကျောတန်းအုပ်စု အုန္နဲကျောတန်းရွာ၊ ညောင်ကုန်းရွာ၊ ဆိတ်ချေးကုန်းရွာ၊ ဂွေးချောင်းရွာရှိ အိမ်ခြေ (၆၈) လုံးနှင့် လူဦးရေ (၁၅၂) ဦး၊ အိုးဘိုကုန်းအုပ်စု ကျွန်းကုန်းရွာ၊ ကျွဲတဲကုန်းရွာ၊ သာလှပင်စီအနောက်စုရွာရှိ အိမ်ခြေ (၃) လုံးနှင့် လူဦးရေ (၁၉) ဦး၊ ရှားပင်တအုပ်စု ရှားပင်တရွာ၊ ရွာသစ် ရွာ၊ ရောက်ချောင်းရွာ၊ ရွာသာယာရွာရှိ အိမ်ခြေ (၃၉)လုံးနှင့် လူဦးရေ (၁၁၈) ဦး၊ စစ်ကုန်း (၂) အုပ်စု အထက်စုရွာ၊ အောက်စုရွာရှိ အိမ်ခြေ (၄၅) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူဦးရေ (၁၆၆) ဦး၊ ချောင်းနားစုအုပ်စု စလင်းတန်းရွာရှိ အိမ်ခြေ (၁) လုံးနှင့် လူဦးရေ (၄) ဦး၊ စေတီကုန်းအုပ်စု လယ်တီရွာသစ် ရွာ၊ စပါယ်ရုံရွာ၊ ငါးရစ်ရှိုရွာရှိ အိမ်ခြေ (၄၅) လုံးနှင့် လူဦးရေ (၂၀၉) ဦး၊ ဇင်ပြွန်းကုန်းအုပ်စု ငှက်ပျောတော ရွာရှိ အ.မ.ကကျောင်း (၁) ကျောင်း စုစုပေါင်း ပျက်စီးဆုံးရှုံးမှုမှာ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်း၊ လူနေအိမ်ခြေ (၂၃၄) လုံးတို့သည် အမိုးလန် ပျက်စီး ဆုံးရှုံးခဲ့ပြီး ပြိုကျပျက်စီးမှု အိမ်ခြေ (၈၃) လုံးဖြစ်၍ လေဘေးသင့်ဒုက္ခသည် လူဦးရေ (၁,၂၅၀) ဦးတို့ အတွက် အမြန်ဆုံး ကူညီမှုများ လုပ်ဆောင်နိုင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းသားများ ဖြစ်သူ ဦးစိုင်းသူရဟန်နှင့် ဦးသိန်းထိန်တို့သည် ၂၂၊ ၅၊ ၂၀၁၂ ရက်နေ့ ညနေ (၅းဝဝ) နာရီတွင် အဝေးပြေး ကားဂိတ်မှ စတင် ထွက်ခွာခဲ့ကြတော့သည်။
၂၃၊ ၅၊ ၂၀၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီ အချိန်ခန့်မှ စတင်ကာ ဒေသခံလူမှုရေးသမားဖြစ်သူ ကိုမင်းသူရတို့အဖွဲ့နှင့်အတူ လက်တွဲကာ လေဘေးသင့်ဒုက္ခသည်များအား အမိုးလန် ပျက်စီး ဆုံးရှုံးသည့် နေအိမ်များအား တအိမ်လျှင် (၈ဝဝဝိ/-) ကျပ်နှုန်းဖြင့် ၄င်း၊ ပြိုကျ ပျက်စီးသည့် နေအိမ်များအား တအိမ်လျှင် (၁,၂ဝဝဝိ/-) ကျပ်နှုန်းဖြင့် ၄င်း၊ ဘုန်းတော်ကြီးကျောင်း တကျောင်းလျှင် အလှူတော်ငွေ (၃,ဝဝဝဝိ/-) ကျပ်နှုန်းဖြင့် လူသားချင်း စာနာ ထောက်ထားကာ ထောက်ပံ့ ကူညီ လှူဒါန်းပေးခဲ့သည်။
ဓါတ်ပုံသတင်း - ကြို့ပင်ကောက်လေဘေး ကူညီမှု နာရေးကူညီမှုအသင်း (ရန်ကုန်) - May 28 2012 11:25 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
