Whistle Campaign အတွက် အားဖြည့် ပေးဦးမယ့် Me & Ma Girls အဖွဲ့
အလင်းတန်းဂျာနယ် အမှတ် ၇၀၂၊ စာမျက်နှာ ၅ မှ
လက်လှမ်းမီသမျှ ပရဟိတ လုပ်ငန်းလေးတွေ လုပ်ဖြစ်နေတဲ့ Me & Ma Girls အဖွဲ့အနေနဲ့ Whistle Campaign တခုအတွက် အကျိုးပြု သီချင်းတပုဒ် ရေးသား သီဆိုပေးဖို့ ရှိသလို ဓာတ်ပုံ ရိုက်ပေးဖို့လည်း ရှိတယ်လို့ သိရပါတယ်။ အဲဒီ Whistle Campaign ကို ဘတ်စ်ကားပေါ်မှာ ကာယိနြေ္ဒ ထိပါးနှောက်ယှက်ခံရတဲ့ အမျိုးသမီးများကို ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခရာအဖွဲ့က ဦးဆောင်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Whistle Campaign အတွက် အုပ်တချပ်၊ သဲတပွင့်အနေနဲ့ ပါဝင် အားဖြည့်ဖြစ်တဲ့ အကြောင်းကိုတော့ Me & Ma Girls အဖွဲ့မှ ချာချာ (ဆုပြည့်မှူးအိမ်) က ”အဲဒီ Whistle Campaign အတွက် ချာချာတို့ကို လာပြီး ကမ်းလှမ်းတဲ့အချိန်မှာ ရည်ရွယ်ချက်ကို သဘောကျတာနဲ့ လက်ခံဖြစ်သွားတာပါ။ သူတို့ ပြောပြတဲ့ အကြောင်းအရောတွေကို ချာချာတို့ရဲ့ စိတ်ကူးတွေနဲ့ ပေါင်းပြီး အကျိုးပြုသီချင်း ပုံစံလေး ရေးပေးမယ်။ ၀ီစီလေးတွေကို ဘယ်လို သုံးရမယ်ဆိုတာလေးတွေကိုလည်း ဓာတ်ပုံတွေ ရိုက်ပြီး လမ်းညွှန်ပေးမယ်” လို့ ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ ကာယိနြေ္ဒ ထိပါး နှောက်ယှက်ခံရတဲ့ အမျိုးသမီးများကို ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Whistle Campaign မှာ ပါဝင် အားဖြည့်မယ့် Me & Ma Girls အဖွဲ့က Come Back Home ဆိုတဲ့ အကျိုးပြု သီချင်း တပုဒ်ကိုလည်း အဖွဲ့သားတွေ ကိုယ်တိုင် ရေးသား သီဆိုထားပါသေးတယ်။ မင်္ဂလာပါ ဆိုတဲ့ စီးရီးကို ဒီဗီဒီ ကာရာအိုကေ အနေနဲ့ ပရိသတ်ဆီ ပို့ပေးထားတဲ့ Me & Ma Girls အဖွဲ့က မေလ ၅ ရက်မှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာ သီချင်းဟောင်းတွေရော၊ သီချင်းသစ်တွေပါ သီဆိုပြီး ပရိသတ်အတွက် စိတ်ကျေနပ်မှု ရစေဦးမှာ ဖြစ်ပါတယ်။
အဆိုတော် - Whistle Campaign Me & Ma Girls အဖွဲ့ - May 3 2012 02:24 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

