နောက်ကျနေတဲ့ ငါနဲ့ ငွေဆောင်သွားမယ့် အဲလက်စ်
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၁၊ စာမျက်နှာ ၂၃ မှ
အဲလက်စ်က နောက်ကျနေတဲ့ ငါ တကိုယ်တော် တေးစီးရီးကို စ,ရိုက်နေပြီလို့ သိရပါတယ်။ ဒီ တေးစီးရီးအတွက် ဗီစီဒီကို အဲလက်စ်က MRTV 4 နဲ့ ပူးပေါင်း ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ သီချင်း တချို့ကိုလည်း ငွေဆောင်ကမ်းခြေမှာ သွားရောက် ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ”ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးမယ့် သီချင်းတွေတော့ မပါဘူး၊ စိတ်ကူး၊ အကြံဉာဏ် ပေးတာလောက်ပဲ ပါ မှာပါ။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် သေချာလေး လုပ်နေပါတယ်။ ပရိသတ် လက်ခံ၊ မခံကတော့ ပြောဖို့တော့ ခက်တာပေါ့ နော်။ သူတို့အပေါ်ပဲ မှုတည်ပါတယ်” လို့ အဲလက်စ်က ဆိုပါတယ်။
အဲလက်စ်ရဲ့ နောက်ကျနေတဲ့ ငါ တေးစီးရီး ဗီစီဒီမှာ MTV, Story, Live Show ပုံစံမျိုး ပါဝင်အောင် ရိုက်ကူးမှာ ဖြစ်ပါတယ်။ နောက်ကျနေတဲ့ ငါ ဗီစီဒီကို သင်္ကြန်အပြီး ထွက်နိုင်အောင် ကြိုးစားနေတယ် လို့လည်း ဆိုပါတယ်။ နောက်ကျနေတဲ့ ငါ ဗီစီဒီ ရိုက်ကူးရင်း နောက်ထပ် တခွေအတွက်လည်း သီချင်းတွေ ရေးဖြစ်တယ်လို့ သိရပါတယ်။ အဲလက်စ်ရဲ့ မွေးနေ့ရှိုးမှာ ဖခင်အတွက် မွေးနေ့လက်ဆောင်အဖြစ် သီချင်းတစ်ပုဒ် သီဆိုပေးခဲ့တဲ့ သမီးအတွက် ဂီတအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ”သူကတော့ သီချင်း ဆိုချင်တာပေါ့လေ။ ဒီတော့ သူ သီချင်းဆိုဖို့အတွက်ကို ဂီတတူရီယာတွေ တီးတတ်ဖို့ သူ့ကို အရင် သင်ခိုင်းနေတာပေါ့။ လောလောဆယ်ကတော့ သူ တီးတတ်ပြီဆိုမှ သီချင်းရေးဖို့ ကျွန်တော်က တိုက်တွန်းရမှာပေါ့။ အဲဒီကနေမှ သီချင်းဆိုဖို့အဆင့်ကို ရောက်မှာပေါ့ ” လို့ ပြောပြခဲ့ပါတယ်။
အဆိုတော် - အဲလက်စ် နောက်ကျနေတဲ့ ငါ - Apr 26 2012 11:18 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

