ပွင့်လင်းမှုက လူငယ်တွေအတွက် ကောင်းတယ်လို့ ဆိုတဲ့ အနဂ္ဂ
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၁၊ စာမျက်နှာ ၁၄ မှ
အနဂ္ဂ၊ ရန်ရန်ချန်းနဲ့ ဇေယျာသော်တို့ ၂၀၀၈ ခုနှစ်ကတည်းက ရေးစပ်ထားတဲ့ တံခါးတွေ ဖွင့် သီချင်းကို လွတ်လပ်မြင့်မားတေးသံများ တေးစီးရီးကတဆင့် ပရိသတ်လက်ထဲ ပေးပို့လိုက်ပြီး ဖြစ်ပါတယ်။ တံခါးတွေ ဖွင့် ဆိုတဲ့ စာသားကတော့ ရန်ရန်ချန်း ရေးစပ်တဲ့ အပိုဒ်မှာ ပါဝင်တဲ့ သီချင်းစာသား ပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး အနဂ္ဂက ”အရမ်း ကောင်းပါတယ်။ ကျွန်တော်တို့ ကိုယ်၌ကိုက ဒီလို သီချင်းမျိုးကို ဆိုရတယ်။ နောက်တခုက ဒီလို အားပေးတဲ့ သီချင်းမျိုးကို ဆိုရတာမျိုး ပေါ့။ လူတွေ သိထားပြီးသား အကြောင်းအရာကို သီချင်းလေးနဲ့ တင်ဆက်ရတဲ့ ပုံစံမျိုးဆိုတော့ အရမ်း ပျော်ပါတယ်” လို့ ဆိုပါတယ်။
Acid အဖွဲ့ဝင် တဦးဖြစ်တဲ့ ဇေယျာသော်က ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဇေယျာသော်အနေနဲ့ Acid အဖွဲ့မှာ အနုပညာအလုပ်တွေ ဆက် လုပ်ဖြစ်ဦးမယ်၊ မလုပ်ဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးလည်း အနဂ္ဂက ”ကျွန်တော့်အနေနဲ့ကတော့ ဇေယျသော်ရဲ့ကိစ္စတွေကို သိပ်ပြီးတော့ မဝေဖန် မသုံးသပ်တတ်ပါဘူး။ ဇေယျာသော် ဘယ်လမ်းကြောင်းပေါ် ဆက်လျှောက်မလဲ ဆိုတာကတော့ သူ့ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါတယ်။ Acid အဖွဲ့ကတော့ Acid အဖွဲ့ပါပဲ။ ကျွန်တော့်အနေနဲ့ကလည်း သီချင်းတွေ ဆိုခဲ့တဲ့ သူဆိုတော့ သီချင်းတွေနဲ့ပဲ ဆက်ရပ်တည်မှာပါ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်က ဂီတသမား တယောက်ဆိုတော့ ဂီတသမား တယောက်အနေနဲ့ပဲ ရပ်တည်မှာပါ” လို့ ပြောပြခဲ့ပါတယ်။
အနဂ္ဂက သူ့ရဲ့ တကိုယ်တော် အခွေကိုလည်း ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ဇေယျသော်က တံခါးတွေ ဖွင့် သီချင်းလို အမျိုးသားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်း နှစ်ပုဒ်ခန့်ကိုလည်း ဖန်တီးဦးမယ်လို့ ဆိုပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအရ လူမှုရေးလုပ်ငန်းနဲ့ နိုင်ငံရေး လုပ်ငန်းတွေမှာ လူငယ်တွေ အမြောက်အမြား စိတ်ဝင်တစား လှုပ်ရှား ပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အနဂ္ဂရဲ့ အမြင်နဲ့ အယူအဆကို မေးကြည့်လိုက်တော့ ”ပထမတခုကတော့ မတရားမှု၊ မမျှတမှုတွေကို လူငယ်တွေက ပြန်ပြီး ရပ်တည်ပေးချင်တာပေါ့ နော်။ အဲဒါက တရားမျှတမှုတွေ ပြန်လည် ရရှိဖို့အတွက်လို့ ကျွန်တော် ထင်တယ်။ လူငယ်တွေမှာ ခွန်အားတက်ကြွတဲ့ စိတ်ဓာတ်တွေ ရှိနေတယ်။ အဲဒါတွေနဲ့ လူ့လောကကြီး သာယာလှပဖို့ မွမ်းမံကြမယ်လို့ ယူဆပါတယ်။ နောက်ထပ် တခုကတော့ ကျွန်တော်တို့ခေတ်မှာ အဲဒီလောက် ပွင့်လင်းမှုတွေ မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ပေါ့။ ဒီအချိန်မှာ ဒီလို ပွင့်လင်းမှုတွေ ကြုံလာရတော့ လူငယ်တွေအတွက် ကောင်းတယ်လို့ပဲ ကျွန်တော် ယူဆပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် - အနဂ္ဂ တံခါးတွေ ဖွင့် - Apr 25 2012 04:17 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

