ပန်းချီ ကျော်သီဟရဲ့ အာရှ အလှ ပန်းချီပြပွဲ မန္တလေး သီရိ ပန်းချီပြခန်းမှာ ပြသ
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၁၊ စာမျက်နှာ ၃ မှ
ပန်းချီဆရာ ကျော်သီဟရဲ့ အာရှအလှ တကိုယ်တော် ပန်းချီပြပွဲကို ဧပြီလ ၄ ရက်နေ့က စတင်ပြီး ဧပြီလ ၈ ရက်နေ့အထိ မန္တလေးမြို့ သီရိပန်းချီပြခန်းမှာ ပြသခဲ့ပါတယ်။ ပန်းချီကျော်သီဟရဲ့ အာရှအလှ တကိုယ်တော် ပန်းချီပြပွဲမှာ ပန်းချီကားပေါင်း ၂၅ ကား ပြသထားရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပန်းချီကား အပါအ၀င် ကျေးလက် သဘာဝအလှ ရှုခင်း ပန်းချီကားများလည်း ပါဝင်ပါတယ်။ ဆီဆေး၊ အခရိုင်းလစ်၊ ဖောင်းကြွ ဆိုပြီး ရေးဆွဲနည်းမျိုးစုံနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားများမှာ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကား ၃ ကား၊ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား ၃ ကား ပါဝင်ပါတယ်။ အဲဒီကားတွေထဲက ဗိုလ်ချုပ်အောင်ဆန်း ဖောင်းကြွ ရေးဆွဲထားတာကို အကြိုက်ဆုံး ဖြစ်တယ်လို့ ပန်းချီ ဆရာ ကျော်သီဟက ပြောပါတယ်။ ရန်ကုန် ဗိုလ်ချုပ်ပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုပုံဖြစ်ပြီး ဖောင်းကြွစနစ်နဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အာရှအလှ ဆိုတဲ့ အမည်က ဗိုလ်ချုပ်နဲ့ ဒေါ်စုတို့ကို ရည်ညွှန်းပြီး ပေးထားတာ ဖြစ်တယ်။ ကိုယ် တတ်တဲ့ အနုပညာနဲ့ တိုင်းပြည်ရဲ့ခေါင်းဆောင်၊ လူထုချစ်တဲ့ ခေါင်းဆောင်ကို ဂုဏ်ပြုခွင့် ရတာကို ကျေနပ်ပီတိ ဖြစ်မိတယ်။ ဒီပုံတွေ ဆွဲရတာ ပိုပြီး ဂရုတစိုက်နဲ့ ဆွဲရတယ်။ ကိုယ် ရေးဆွဲလိုက်တဲ့ ပုံကြောင့် ဂုဏ်သိက္ခာ ထိခိုက်တာမျိုးဖြစ်မှာကိုလည်း အရမ်းကို သတိထားရပါတယ်။ အရောင်အသွေးက စလို့ ရေးဆွဲရသလို တာဝန်လည်း အရမ်းကြီးလို့ ခံယူတဲ့ အကြောင်း ပြောပြပါသေးတယ်။ ကျေးလက်သဘာဝ အလှရှုခင်းများကလည်း ဇာတိမြေကို လွမ်းဆွတ် တမ်းတနေစေအောင် ရေးဆွဲထားသလို ပုဂံဒေသ၊ ကျောက်ဆည်၊ သမုတ်ရွှေဂူ၊ ပြင်ဦးလွင် အစရှိတဲ့ နေရာဒေသူတွေရဲ့ ရှုခင်းအလှကို ခံစား ရေးဆွဲတားပါတယ်။ တန်ဖိုးရှိလှတဲ့ ပန်းချီကားတွေကြားမှာ ဧရာဝတီရဲ့ ရှုမျှော်ခင်း ပန်းချီကားကိုလည်း ကြည့်ရှု ခံစားခဲ့ရပါတယ်။ ဒီပန်းချီပြပွဲကိုတော့ ပန်းချီဆရာက မန်းသင်္ကြန်ကို ပိတောက်ဖူးတွေနဲ့အပြိုင် မြိုင်မြိုင်ဆိုင်ဆိုင် ကြိုဆိုနေမယ့် ကျွန်တော့်ရဲ့ အာရှအလှ ပန်းချီပြပွဲကို ကြည့်ရှု ခံစားနိုင်ခွင့်လေး ပိုင်ဆိုင်နိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ပါတယ်။
ပန်းချီ - ပန်းချီ ကျော်သီဟ အာရှ အလှ ပန်းချီပြပွဲ မန္တလေး သီရိ ပန်းချီပြခန်း - Apr 25 2012 04:12 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

