ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ ပုလဲ ခရီးစဉ်မှာ စိတ်လှုပ်ရှားခဲ့ရတဲ့ ထွန်းအိန္ဒြာဗို
အလင်းတန်းဂျာနယ်၊ အမှတ်စဉ် ၇၀၀၊ စာမျက်နှာ ၁၇ မှ
တနင်္လာရီတိုင်းဒေသကြီးမှာ ရှိတဲ့ သူဋ္ဌေးကျွန်းမှာ သွားရောက် ဖျော်ဖြေရာက ရန်ကုန်ကို ပြန်ရောက်လာတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုအနေနဲ့ ခရီး ရောက်မဆိုက်မှာပဲ အနုပညာရှင်တွေရဲ့ ရွေးကောက်ပွဲ ပညာပေး အစီအစဉ်အတွက် ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ ပုလဲ ဖျော်ဖြေရေး ခရီးစဉ်တွေမျာ အတူ လိုက်ပါသွားခဲ့ပါတယ်။ ဖျော်ဖြေရေး ခရီးစဉ် ပထမတရက်အနေနဲ့ မတ်လ ၂၇ ရက်က ပြင်ဦးလွင်မှာ ဖျော်ဖြေခဲ့ကြပြီး ဒုတိယ တစ်ရက်အနေနဲ့ စစ်ကိုင်းမှာ ဖျော်ဖြေခဲ့ကြကာ တတိယ တရက်ကိုတော့ ပုလဲမှာ ဖျော်ဖြေပါတယ်။ ဖျော်ဖြေရေး ခရီးစဉ်တလျှောက် လိုက်ပါခဲ့တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ဒါရိုက်တာ ၀ိုင်း တင်ဆက်တဲ့ ပြဇာတ်မှာ အပျိုကြီးမမ နေရာက သရုပ်ဆောင်ပေးခဲ့တာပါ။ ရုပ်ရှင်၊ ဗီဒီယိုကားများစွာမှာ သရုပ်ဆောင်ခဲ့သလို စင်မြင့်ဖျော်ဖြေပွဲပေါင်း များစွာလည်း သီဆိုခဲ့ဖူးပေမယ့် ပြဇာတ်ကတာ ပထမဆုံးပဲဆိုတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ”အဲဒီ အတွေ့အကြုံက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လာပြီး အားပေးတဲ့ လူတွေဆိုတာ သိန်းချီပြီးတော့တောင် ရှိမလားပဲ။ အဲဒီပရိသတ်တွေရဲ့ အားပေးမှုက တကယ့်ကို ကြောက်ခမန်းလိလိ ပဲ။ အဲဒီ ဖျော်ဖြေပွဲမှာ အစ်မတို့ရဲ့ ပြဇာတ်က အဆိုတော်တွေ သီချင်းဆိုတဲ့အပိုင်း နှစ်ပိုင်းကြားမှာ ကပြရတာ လေ။ ပရိသတ်တွေ အရမ်း အားပေးတာမြင်ရတော့ အစ်မတို့လည်း ကြည်နူးပီတိ ဖြစ်ကြရတယ်” လို့ ပြောပါတယ်။ ဒါရိုက်တာ ၀ိုင်း တင်ဆက်တဲ့ ပြဇာတ်မှာ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ဝေဠုကျော်၊ ရဲတိုက်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုနဲ့ ချစ်သုဝေတို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြပြီး ဒါရိုက်တာ ၀ိုင်း ကိုယ်တိုင်လည်း ပါဝင် ကပြသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ ပုလဲ ခရီးစဉ် တလျှောက်မှာ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ အဖြစ်အပျက်များစွာ မြင်တွေ့ ကြားသိခဲ့ရတယ်ဆိုတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ”အန်တီစုနဲ့ ပိုပြီး နီးနီးကပ်ကပ် နေခွင့်ရလာတော့မှ အန်တီစုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ပိုပြီး သိမြင် ခံစားလာရတယ်။ ဒီလို ခရီးစဉ်တွေ လိုက်ပြီး အားဖြည့်ဖြစ်တဲ့ အချိန်မှာ အန်တီစုကို ပြည်သူတွေ ဘယ်လောက် ချစ်ကြတယ်ဆိုတာ ကိုယ်တွေ့ မြင်လိုက်ရတယ်။ အဲဒါကြောင့်လည်း ပိုပြီး လေးစား ကြည်ညိုသွားတယ်။ ကိုယ်တိုင် အနုပညာ လုပ်အားတွေ ပေးဆပ်ခွင့်ရတာကိုလည်း ကျေနပ်နေမိပါတယ်။“ လို့ ပြောပါတယ်။ ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ ပုလဲ ခရီးစဉ်တွေက ပြန်လာပြီးတဲ့နောက်မှာ ဒါရိုက်တာ မောင်အောင် (ရူပဗေဒ) ရိုက်ကူးမယ့် ဒီဗီဒီဇာတ်ကားအတွက် သရုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့လည်း အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ဆိုပါသေးတယ်။
မင်းသမီး - ထွန်းအိန္ဒြာဗို - Apr 5 2012 01:10 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

