မီးမီးခဲ ကိုယ်တိုင် အများကြီး ရခဲ့တဲ့ Missed Call
အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ စာမျက်နှာ ၁၅ မှ
တေးသံရှင် မီးမီးခဲက တကိုယ်တော် တေးစီးရီးကို Bo Bo Music Production ကနေ ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။ တေးရေး ညီညီမောင်၊ အောင်ဖုန်း၊ ဝေလ၊ ကိုထက်၊ ဇေယျာလင်းစံ၊ သုဝေတို့ ရေးစပ်ထားတဲ့ သီချင်းများအပြင် မီးမီးခဲ ကိုယ်တိုင်ရေး သီချင်း တပုဒ် ပါဝင်ပါတယ်။ ဒီ တေးစီးရီး မိတ်ဆက်ပွဲကို မတ်လ ၈ ရက်နေ့မှာ ဗိုလ်ချုပ်လမ်းက Central Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
မီးမီးခဲက ဒီအခွေကို ကိုယ်တိုင် ထုတ်ဝေတာဖြစ်ပြီး စီးရီး Title ကိုလည်း သူ့စိတ်ကြိုက်ပေးဖြစ်ခဲ့တာလို့ သိရပါတယ်။ ”ဒီသီချင်းထဲမှာပါတဲ့ စာသားတွေက တယောက်နဲ့ တယောက် Missed Call လေး တွေ့ရင် နင့်ကို ချစ်တယ်လို့ ယုံပေးပါ ပေါ့။ အခု ဖုန်း မပြောနိုင်ကြဘူးပေါ့ လေ။ ဒီ စာသားလေးကိုလည်း နှစ်သက်လို့ပါ။ Missed Call ပေးရင် ကျေနပ်တယ်ပေါ့ လေ” လို့ မီးမီးခဲက ဆိုပါတယ်။ မီးမီးခဲ ကိုယ်တိုင်ကလည်း Missed Call ကို အခါပေါင်းများစွာ ရဖူးထာားတဲ့ သူလို့လည်း ဆိုပါသေးတယ်။ ဒီခေတ် ပရိသတ်က အနှေးနဲ့ အသည်းကွဲ သီချင်းတွေ ကြိုက်တာကြောင့်လည်း ဒီပုံစံတွေ တော်တော်များများပါအောင် ထည့်ထားတယ်လို့ ဆိုပါတယ်။ ”သမီးကတော့ ဒီအခွေကို တော်တော် အားရပါတယ်။ ဒီခေတ်ကြီးထဲမှာ ဒီအခွေမျိုး ထုတ်နိုင်ခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ သမီး သီချင်းတွေ နားထောင်ခြင်းအားဖြင့် ဥပမာ သမီး သီချင်း စစ်စစ်တွေ ကြားရမယ်။ အရည်အသွေးရှိတဲ့ Music တွေကို ကြားရမယ်ပေါ့နော်။ ဘာပဲပြောပြော သမီး ၀မ်းသာပါတယ်” လို့လည်း မီးမီးခဲက ဆိုပါတယ်။ မီးမီးခဲ ကိုယ်တိုင် ရေးဆိုထားတဲ့ သီချင်းက အဖြည့်ခံဆုံးဖြစ်ပြီး ဒီသီချင်းကို ခင်ပွန်းဖြစ်သူ ထူးအယ်လင်းနဲ့ စိတ်ကောက်နေချိန်မှာ ရေးထားတဲ့ သီချင်းလို့လည်း သိရပါတယ်။ မီးမီးခဲရဲ့ Missed Call တေးစီးရီး Audio CD ကို မတ်လ ၁၇ ရက်နေ့မှာ ဖြန့်ချီမှာဖြစ်ပြီး ဒီဗီဒီကိုတော့ သင်္ကြန်အပြီးမှာ ထွက်ဖို့ မှန်းထားတယ်လို့ ပြောပြခဲ့ပါတယ်။
အဆိုတော် - မီးမီးခဲ - Mar 24 2012 08:17 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

