ပြင်ဦးလွင်ကို သမီးဖြစ်သူပါ ခေါ်သွားမယ်
အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ စာမျက်နှာ ၂၇ မှ
ပြင်ဦးလွင်မှာ နှစ်လကြာ နေထိုင်ပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖို့ အိန္ဒြာကျော်ဇင်က စီစဉ်ထားပါတယ်။ လောလောဆယ်မှာ မဟုတ်ဘဲ သင်္ကြန်အပြီးမှာ ရိုက်ဖို့ စီစဉ်ထားတာပါ။ အိန္ဒြာကျော်ဇင်က သမီးဖြစ်သူ ပြေသုဒြာနဲ့ ၂ ရက်လောက် ခွဲပြီး နယ်ထွက် ရိုက်ကူးရမယ့် ကြော်ငြာမျိုးတွေ ရိုက်ဖို့တော့ အခုလောလောဆယ်မှာ လက်မခံထားသေးပါဘူး။ ”သမီးက အမေကို အရမ်းသိတာ။ ကိုယ်ကိုယ်တိုင်က မခွဲနိုင်လို့ လက်မခံသေးတာပါ” လို့ အိန္ဒြာကျော်ဇင်က ၂ ရက်လောက် နယ်ထွက် ရိုက်ကူးရမယ့် ကြော်ငြာမျိုးတွေ လက်မခံဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ သင်္ကြန်အပြီး ပြင်ဦးလွင် သွားတဲ့ အချိန်မှာတော့ သမီးဖြစ်သူ ပြေသုဒြာကိုပါ ခေါ်သွားမှာ ဖြစ်ပါတယ်။
”ပြင်ဦးလွင်သွားရင် အူဝဲရဲ့ မေမေလည်း ပါမယ်။ သူ့နာ့စ်လည်း ပါမယ်။ အဲဒီတော့ စိတ်ချရမယ်။ အဲဒီအချိန်လောက်ဆိုရင် ပြင်ဦးလွင်မှာ အရမ်းလည်း မအေးတော့ဘူး။ အဲဒီအချိန် ရန်ကုန် ရာသီဥတုက အရမ်းပူနေတဲ့ အချိန် ဖြစ်နေပြီလေ” လို့ သမီးဖြစ်သူ ပြေသုဒြာကို ပြင်ဦးလွင် ခေါ်သွားမယ့်အကြောင်း ပြောပြပါသေးတယ်။ ဇာတ်ကား ရိုက်ကွင်းတွေကို သမီးဖြစ်သူကို ခေါ်ချင်ပေမယ့် မိခင်ဖြစ်သူက မခေါ်ခိုင်းတာကြောင့် မခေါ်ဖြစ်တာပါ။
၂၀၁၂ သင်္ကြန်ကာလကိုတော့ ရန်ကုန် အိမ်မှာပဲ သမီးဖြစ်သူနဲ့ အနားယူဖို့ စီစဉ်ထားပါတယ်။ ”အလုပ်တော့ မလုပ်ဖြစ်ဘူး။ သင်္ကြန်အတွင်းမှာ ခရီးထွက်ဖြစ် မထွက်ဖြစ်ပဲ ရှိမယ်။ အူဝဲ ထင်ပါတယ်။ ခရီး မထွက်ဖြစ်ဖို့ များပါတယ်” လို့ သင်္ကြန်ကာလ ဖြတ်သန်းမယ့်အကြောင်း အိန္ဒြာကျော်ဇင်က ဆိုပါသေးတယ်။
မင်းသမီး - အိန္ဒြာကျော်ဇင် - Mar 19 2012 09:13 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

