တကိုယ်တော်နဲ့ အတွဲစီးရီးကို နှစ်ပတ်သာ ခြားပြီး ပရိသတ်ဆီ ပို့မယ့် အိန်အိန်း
အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇ စာမျက်နှာ ၂၄ မှ
အဆိုရှင် အိန်အိန်းက တတိယ တကိုယ်တော် စီးရီးဖြစ်တဲ့ လျှို့ဝှက်ချက် စီးရီးကို မတ်လ ၁၈ ရက်၊ ကန်တော်မင်္ဂလာ ပန်းခြံအတွင်းမှာ ရှိတဲ့ Happy World မှာ ပရိသတ်နဲ့ တိုက်ရိုက် တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ လျှို့ဝှက်ချက် စီးရီး Audio CD တချပ် ၀ယ်ယူ သူတိုင်းကို အိန်အိန်း ကိုယ်တိုင် ဒါရိုက်တာ လုပ်ရိုက်ကူးထားတဲ့ ဒီဗီဒီတခွေ လက်ဆောင်ပေးမယ်လို့လည်း သိရပါတယ်။ ဒီဗီဒီ လက်ဆောင်ပေးဖြစ်တဲ့ အကြောင်းကိုတော့ အိန်အိန်းက ” ဒီဗီဒီက အိန်အိန်း လုပ်ချင်တဲ့ ပုံစံလေးတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ဖန်တီးထားတာဆိုတော့ တချို့သီချင်းတွေက ဆင်ဆာ ခွင့်ပြုချက်ရချင်မှ ရမယ်ပေါ့နော်။ အဲဒါကြောင့် အိန်အိန်း ရိုက်ထားတဲ့ ဒီဗီဒီကို ပရိသတ်တွေ တိုက်ရိုက် ခံစားလို့ရအောင် မေတ္တာလက်ဆောင်အနေနဲ့ ပေးဖို့ စီစဉ်လိုက်တာပါ” လို့ ပြောပါတယ်။ ရာသီစာ သင်္ကြန်ခွေတွေ ထွက်နေတဲ့အချိန် ပရိသတ်ဆီ ပို့ပေးမယ့် လျှို့ဝှက်ချက် စီးရီးမှာ သင်္ကြန်ကာလနဲ့ လိုက်လျောညီထွေဖြစ်မယ့် သီချင်း အမြူးလေးတွေသာ ထည့်သွင်း ဖန်တီးထားတယ်လို့လည်း အိန်အိန်းက ဆိုပါတယ်။ အဲဒီ စီးရီးထဲမှာ ပါဝင်တဲ့ သီချင်းတွေ အားလုံးကို အိန်အိန်း ကိုယ်တိုင် ရေးဖွဲ့ထားပြီး မင်းမင်း (S.I.T) က အတီးပိုင်းကို တာဝန်ယူပေးထားတာပါ။ အဲဒီစီးရီး ဖြန့်ချီအပြီး မတ်လ ၂၅ရက်မှာတော့ ဘာပဲဖြစ်ဖြစ် ၂၀၁၂ ဆိုတဲ့ အတွဲစီးရီးကို မွန်းလွဲ ၁ နာရီ ကန်တော်မင်္ဂလာ ပန်းခြံအတွင်းမှာရှိတဲ့ Happy World ညနေ ၆နာရီ Victoria (လှိုင်သာယာ) မှာ ပရိသတ်နဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့လည်း အိန်အိန်းက ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၂ ဆိုတဲ့ အတွဲစီးရီးက အိန်အိန်း စီစဉ်တဲ့ တတိယမြောက် အတွဲစီးရီး ပါ။ အတွဲစီးရီးတွေ ကိုယ်တိုင် စီစဉ်ဖြစ်တဲ့ အကြောင်းကိုတော့ အိန်အိန်းက ”အိန်အိန်း ကိုယ်တိုင် အတွဲစီးရီးတွေ စီစဉ်လာတာ အခုဆိုရင် သုံးခွေ ရှိပြီ ပေါ့။ အဲဒီစီးရီးတွေမှာ အဆိုတော်သစ်လေးတွေနဲ့ နာမည်ရှိပြီးသား အဆိုတော်တွေ မျှပြီး အိန်အိန်း ထည့်ထားတယ်။ အဲဒီလို အတွဲစီးရီးတွေ လုပ်ဖြစ်နေတယ်ဆိုတာကလည်း အိန်အိန်းတို့လို လူငယ်အဆိုတော်တွေအနေနဲ့ ပြင်းပြတဲ့ စိတ်အား ထက်သန်မှုတွေနဲ့ ဂီတတွေ ဖန်တီးနေကြတယ်ဆိုတာ ပရိသတ်တွေ သိအောင်လို့ ကြိုးစားပေးတာပါ။ နောက်ပိုင်းလည်း အတွဲစီးရီးတွေ အိန်အိန်း စီစဉ်သွားဦးမှာပါ” လို့ ပြောပါတယ်။
လျှို့ဝှက်ချက် ဆိုတဲ့ တကိုယ်တော် စီးရီးနဲ့ ဘာပဲဖြစ်ဖြစ် ၂၀၁၂ ဆိုတဲ့ အတွဲစီးရီးကို တပတ်သာ ခြားပြီး ပရိသတ်ဆီပို့မယ် အိန်အိန်းက ရာသီစာ သင်္ကြန်ခွေတွေကို ရှောင်ချင်ပေမယ့် သင်္ကြန်အပြီးမှာ ဆက်တိုက် ထွက်လာမယ့် စီးရီးတွေနဲ့ မတိုက်အောင် စောနိုင်သမျှ စောပြီး ပရိသတ်ဆီ ပို့ဖြစ်တာလို့ ပြောပါသေးတယ်။
အဆိုတော် - အိန်းအိန်း - Mar 19 2012 08:58 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

