အောက် ဖော်ပြပါပုံစံကို ဖြည့်စွက်ပြီး ကဗျာများ ပေးပို့နိုင်ပါတယ်။ |
| ကဗျာများဟာ ကဗျာဆရာရဲ့ စာလုံး၊ အက္ခရာများ ကျွမ်းကျင်စွာ အသုံးပြုမှုကို ရောင်ပြန်ဟပ်သလို ကာရံ၊ အသံ ပြေပြစ်ခြင်းရဲ့ တန်ဖိုးကို ပြသပါတယ်။ တန်ဖိုးရှိတဲ့ ကဗျာများရဲ့ ထိရောက်မှု စွမ်းပကားဟာ လွန်စွာ ကြီးမားပြီး စာဖတ်သူရဲ့ နှလုံးသားကို အလွယ်တကူ၊ အလျှင်အမြန် ထိရှပါတယ်။ တန်ဖိုးရှိတဲ့ ကဗျာများဟာ စာပေသမိုင်းရဲ့ မှတ်တိုင်များ၊ ကဗျာဆရာ ဖြတ်သန်းတဲ့ ခေတ်ကို ထင်ဟပ်တဲ့ ဖန်တီးမှုများ ဖြစ်ပါတယ်။ ယနေ့မြန်မာဟာ မြန်မာစာပေ၊ အနုပညာနဲ့ ယဉ်ကျေးမှုများကို မျိုးဆက်များအလိုက် လက်ဆင့်ကမ်းနိုင်ရန်၊ မြန်မာပြည်သူများ အသိအမြင်၊ အတွေးအခေါ် ကျယ်ပြန့် ဖွံ့ဖြိုးရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အတွက် မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ ကဗျာများကို အလေးထား ကြိုဆိုပါတယ်။ |
