သံဃာ့လှုပ်ရှားမှု ၅ နှစ်ပြည့် အခမ်းအနားသို့ ရွှေတွံတေးဆရာတော် တက်ရောက်
ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း၊ ဒဂုံမြို့ သစ် အရှေ့ပိုင်း၊ ၇ ရပ်ကွတ် ဖျာပုံလမ်းရှိ မဟာသတိပဠာန်ကျောင်းတွင် ၂၀၁၂၊ စက်တင်ဘာ ၁၈ ရက်နေ့ က ကျင်းပခဲ့ရာ သံဃာတော် အပါး ၁၀၀ ခန့်၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းများ၊ ကျောင်းသားသမဂ္ဂများက ပုဂ္ဂိုလ်များ အပါအ၀င် ပရိသတ် ၅၀၀ ခန့်နဲ့အတူ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် သီတင်းသုံးတဲ့ ရွှေတွံတေးဆရာတော် တက်ရောက်ခဲ့ပါတယ်။
ထို အခမ်းအနား၌ ရွှေတွံတေးဆရာတော်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ”အခုလို ညီညီညွတ်ညွတ် စုစုစည်းစည်း တွေ့ရလို့ အားရှိတယ်၊ နွေးထွေးမိပါတယ်။ အခု ဓါတ်ပုံဆရာတွေ အများကြီးပဲ၊ မှတ်တမ်းတင်၊ မီဒီယာမှာ ဖော်ပြ၊ အားရှိသွားအောင် ဒီ ရဟန်းရှင်လူတွေ အများအတွက် အဆင်သင့် လုပ်နေကြတုန်းပဲလို့ ပြည်သူလူထုအားလုံး သိသွားအောင် လုပ်ကြတာ ကောင်းတယ်။ အဲဒီအထဲမှာ သက်ဆိုင်ရာ အာဏာပိုင်ဘက်ကလည်း မှတ်တမ်းယူနေလို့ တချို့လူတွေ စိတ် အနှောက်အယှက် ဖြစ်နေကြတယ်။ ဘာ ရည်ရွယ်ချက်လဲ မသိရဘူး။ ဖြစ်သင့်တာကိုတော့ လမ်းကြောင်းပေးလိုက်ပါမယ်။ မှတ်တမ်း ရိုက်ပါ၊ ယူပါ၊ တဦးချင်းလည်း ရိုက်လို့ရတယ်။ အကြီးအကဲတွေဆီ ပို့တဲ့အခါ မှတ်ချက်တော့ ရေးပါ။ ဒီ ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်တွေဟာ အများအကျိုးအတွက်၊ အမှန်တရားအတွက် အနစ်နာခံဖို့ အမြဲတမ်း အဆင်သင့်ရှိသူတွေ။ ကြိုက်ရာသူကို လက်တို့ လိုက် အတူ ပူးပေါင်းပြီး အကျိုးပြုပေးရုံပဲ။ ပြဿနာတွေ မဖြစ်ပါစေနဲ့ လို့ တိုက်တွန်းပါတယ်“ လို့ ထည့်သွင်း ပြောကြားသွားပါတယ်။
ဓါတ်ပုံ သတင်း - - Sep 21 2012 11:23 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012








