ရွှေည၀ါဆရာတော် ကနေဒါနိုင်ငံမှ ပြန်လည် ကြွချီ
ကနေဒါနိုင်ငံအတွင်း ဓမ္မဒူတခရီး လှည့်လည်ခဲ့တဲ့ ရွှေည၀ါဆရာတော်ဟာ ၂၀၁၂၊ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ကနေဒါနိုင်ငံ ဗန်ကူးဗားမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးနဲ့ ပြန်လည် ကြွချီသွားပါတယ်။ ကနေဒါ ခရီးစဉ်အတွင်း ရွှေည၀ါ ဆရာတော်ဟာ ဗန်ကူးဗား၊ တိုရန်တို၊ ကယ်လ်ဂါရီ၊ စက်စကာတွန်းမြို့များသို့ ဒေသစာရီ လှည့်လည်ခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၈ နာရီခွဲတွင် ဦးသူရိယ၊ ဗုဒ္ဓရံသီ ဦးဂေါသက၊ ထိုင်ဝမ်ဆရာတော် ဦးနန္ဒဝံသ တို့နဲ့အတူ ဗန်ကူးဗားမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ရာ ဗန်ကူးဗား ဗုဒ္ဓရံသီကျောင်း ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုကိုလေး၊ ကိုတင်နွယ်နဲ့ ဓမ္မမိတ်ဆွေများ၊ ကပ္ပိယ ကိုမိုး၊ ကိုမောင်မောင်သိန်း၊ ကိုသန်းဝင်း၊ ကျော်ဟုန်းတို့က ကြိုဆိုခဲ့ကြပါတယ်။
ဗန်ကူးဗားကို ဗုဒ္ဓရံသီကျောင်းမှာ ရောက်ရှိနေခိုက် နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းနဲ့ ညဘက်ပိုင်း (ည ၆ နာရီမှ ၈ နာရီအထိ) တွင် ရွှေည၀ါဆရာတော် တရားပွဲများ ကျင်းပခဲ့ပါတယ်။
ရွှေည၀ါဆရာတော်ရဲ့ နှစ်ပတ်ကြာ ကနေဒါနိုင်ငံခရီးစဉ်အတွင်း ဒါယိကာ၊ ဒါယိကာမများရဲ့ လှူဒါန်းငွေ ကနေဒါဒေါ်လာ ၁၅,၀၀၀ ရရှိခဲ့ကြောင်း သိရပါတယ်။
ဓါတ်ပုံ သတင်း - ရွှေည၀ါဆရာတော် ကနေဒါနိုင်ငံမှ ပြန်လည် ကြွချီ - Nov 20 2012 03:33 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012










