ကနေဒါနိုင်ငံ၊ ဗန်ကူးဗားက တန်ဆောင်တိုင်ပွဲ
ကနေဒါနိုင်ငံ ဗန်ကူးဗားရောက် မြန်မာမိသားစုများရဲ့ မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲကို Japanese Hall, 475-487 Alexander st, V6A 1C6, Vancouver B.C မှာ ၂၀၁၂၊ နိုဝင်ဘာ ၁၀ ရက် (စနေနေ့) နေ့လည် (၂) နာရီခွဲမှ ညနေ (၆) နာရီခွဲအထိ ပျော်ပျော်ရွှင်ရွှင် အမှတ်တရ ကျင်းပခဲ့ကြပါတယ်။
ထိုပွဲတွင် လိဒ်ဂစ်တာ - အပုလေး (ကိုမြင့်ဝင်း) ၊ ဘေ့စ်ဂစ်တာ - ကိုစိုးမင်း၊ ရစ်သမ်ဂစ်တာ - ကိုဘိုဘို၊ ဒရမ် -ကိုမြင့်ဝေ တို့ရဲ့ Fifth New Generation (FNG) တေးဂီတအဖွဲ့က ဧည့်ခံ ဖျော်ဖြေပြီး
တဦးချင်း၊ အုပ်စုဖွဲ့ သီဆိုမှုများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ခဲ့ကြပါတယ်။ ထို့အပြင် ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထောပတ်ထမင်း၊ လက်ဖက်ရည်၊ အချိုရည်များဖြင့်လည်း ဧည့်ခံခဲ့ကြပါတယ်။
တန်ဆောင်တိုင်ပွဲ ကျင်းပရခြင်းနဲ့ ပတ်သက်ပြီး “မျိုးဆက်သစ်များ မြန်မာ့ရိုးရာ အစဉ်အလာများ သိစေရန် ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ကြောင်း“ ဦးဆောင်သူ ကိုတင်နွယ်က ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ကနေဒါ ဗန်ကူးဗားရောက်မြန်မာပြည်သားများနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည်သားတချို့လဲ ဆုံတွေ့ဖြစ်ခဲ့ကြတယ်။
ဓါတ်ပုံ သတင်း - ကနေဒါနိုင်ငံ၊ ဗန်ကူးဗားက တန်ဆောင်တိုင်ပွဲ - Nov 12 2012 03:40 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012














