မြန်မာ့ပင်လယ်ပြင်တွင်း ဖမ်းမိတဲ့ ဘင်္ဂါလီများ နေရပ်သို့ ပြန် ပို့
မြန်မာအာဏာပိုင်များက မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီလူမျိုး ၇၈ ဦးကို ကော့သောင်းမြို့မှ ၄င်းတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။ ထို ပုဂ္ဂိုလ်များဟာ ပင်လယ်ပြင်ကို ဖြတ်ကာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ တရားမ၀င် သွားရောက်နေစဉ် ဖမ်းဆီး ရမိခြင်း ဖြစ်ပါတယ်။
အဆိုပါ ဘင်္ဂါလီများကို မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းပိုင် တောင်ကြီး သင်္ဘောဖြင့် ကော့သောင်းမြို့မှ ခေါ်ဆောင်လာရာ ၂၀၁၂၊ နိုဝင်ဘာ ၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က သာကေတမြို့နယ်ရှိ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် အာရှ အိတ်စ်ပရတ် ဘတ်စ်ကားဖြင့် ရန်ကုန်မြို့မှ ပြည်မြို့သို့ ပို့ဆောင်ကာ ပြည်မြို့မှ ရခိုင်ပြည်နယ်သို့ ဆက်လက် ပို့ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ယင်းကိစ္စနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “အခု ကော့သောင်းကနေ ပြန်ခေါ်လာတဲ့ ဒီလူတွေက တရားခံတွေ မဟုတ်ပါဘူး။ ဒုက္ခသည်တွေ ပါ။ ဒီကိစ္စ ဖြစ်တာက သိပ်တော့ မဆန်းပါဘူး။ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခု ပါ။“ လို့ ယနေ့မြန်မာကို ပြောကြားသွားခဲ့ပါတယ်။မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံစလုံးတွင် နေထိုင်လေ့ရှိတဲ့ ဘင်္ဂါလီများဟာ စက်လှေနဲ့ မလေးရှားနိုင်ငံကို သွားရောက်လေ့ရှိရာ တခါတရံတွင် ထိုင်းနိုင်ငံကို ရောက်သွားတတ်သလို ပင်လယ်ပြင်အတွင်း ဒုက္ခရောက်ခဲ့ခြင်း၊ ထိုင်း၊ မြန်မာနဲ့ မလေးရှားအာဏာပိုင်များ ဖမ်းဆီးရမိခြင်းများ ဖြစ်ပွားတတ်ပါတယ်။
ဓါတ်ပုံ သတင်း - မြန်မာ့ပင်လယ်ပြင်တွင်း ဖမ်းမိတဲ့ ဘင်္ဂါလီများ နေရပ်သို့ ပြန် ပို့ - Nov 9 2012 08:40 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012







