၁၇ ကြိမ်မြောက် နယူးယောက် မြန်မာ နှစ်ခြင်း ဘုရားကျောင်း ဈေးရောင်းပွဲ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ နယူးယောက် မြန်မာ နှစ်ခြင်း ဘုရားကျောင်းရဲ့ ၁၇ ကြိမ်မြောက် ဈေးရောင်းပွဲတော်ကို နယူးယောက်မြို့ ဖလက်ရှင် (Flushing) အရပ်ရှိ ဘုရားကျောင်းတခုအတွင် ၂၀၁၂၊ အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပရာ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ထို ဈေးရောင်းပွဲ ကျင်းပတဲ့ နယူးယောက် မြန်မာ နှစ်ခြင်း ဘုရားကျောင်းနဲ့ ပတ်သက်ပြီး ဘုရားကျောင်း ဂီတပညာရှင်တဦးဖြစ်သူ ကိုအောင်အောင်ကို မေးမြန်းကြည့်ရာ “ကျွန်တော်တို့ နယူးယောက် မြန်မာ နှစ်ခြင်း ဘုရားကျောင်း ပေါ့။ ကျွန်တော်တို့ ဘုရားကျောင်း တည်ရှိတာ ၁၇ နှစ်ကျော်ပြီ ပေါ့။ ကျွန်တော်တို့ ဘုရားကျောင်းမှာ တနင်္ဂနွေနေ့တိုင်း ၁၂ နာရီခွဲကနေ ၃ နာရီအထိ ဆုတောင်းပွဲ ရှိပါတယ်။ ကျွန်တော်တို့ဘုရားကျောင်း ဖွဲ့စည်းပုံကတော့ သင်းအုပ်ဆရာ၊ ပြီးရင် ကော်မတီလူကြီးတွေ ရှိတယ်။ ကျွန်တော်တို့ အသင်းတော် ဥက္ကဋ္ဌ ရှိတယ်။ လူငယ် ဥက္ကဋ္ဌ ရှိတယ်။ တနင်္ဂနွေကျောင်း ဆရာ/ဆရာမတွေ ရှိတယ်။ နောက်ပြီး ဘဏ္ဍာထိန်းတို့ စသည်ဖြင့် အဖွဲ့အစည်း ဖွဲ့စည်းပုံအတိုင်း ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပထမဦးဆုံးအကြိမ် လုပ်တာ။ အရင်က ကျွန်တော်တို့ Van Wyck ဘက်က ကွင်းပြင်တခုမှာ လုပ်တာ။“ လို့ ရှင်းပြပါတယ်။ ထို့အပြင် ဘုရားကျောင်း ဒု ဥက္ကဋ္ဌ ဦးတူဂျာကလည်း “ကျွန်တော်တို့ အခုလို ပွဲ ကျင်းပလာတာ ၁၇ ကြိမ် ရှိပြီ ပေါ့။ အေးတဲ့အချိန်လည်း ရောက်ပြီဆိုတော့ အခုလို ဘုရားကျောင်းထဲမှာ ကျင်းပခွင့်ရတာဆိုတော့ ကျေးဇူးတော် ချီးမွန်းတာပေါ့။ လူက များမယ်ဆိုတာ သိတယ်။ အခန်းနေရာကလည်း လူ ၂၀၀ လောက်ပဲ ထိုင်နိုင်အောင် စီစဉ်ထားနိုင်တာ လေ။ လူများလာရင်တော့ နေရထိုင်ရတာ ကြပ်မယ်ဆိုတာ သိတယ်။ နောက်နှစ်ကျရင် ပို အဆင်ပြေအောင် လုပ်ဖို့တော့ မြင်တာပေါ့။“ လို့ ယနေ့မြန်မာကို ပြောပြပါတယ်။
ဓါတ်ပုံ သတင်း - ၁၇ ကြိမ်မြောက် နယူးယောက် မြန်မာ နှစ်ခြင်း ဘုရားကျောင်း ဈေးရောင်းပွဲ - Oct 18 2012 07:30 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012







