ဗုဒ္ဓဘာသာအား တိုက်ခိုက်မှုအပေါ် ကနေဒါနိုင်ငံတွင် ဆန္ဒပြ
ဗုဒ္ဓဘာသာအား စော်ကား တိုက်ခိုက်မှုအပေါ် ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြပွဲတခုကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၊ တိုရန်တိုမြို့တော်ခန်းမ The Speaker's Corner located at Nathan Philip Square ၌ ၂၀၁၂၊ အောက်တိုဘာ ၁၃ ရက် (စနေနေ့) နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။ ထို ဆန္ဒပြပွဲကို တိုရန်တိုမြို့တွင် သီတင်းသုံး နေထိုင်လျက်ရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ဒါယိကာ ဒါယိကာမများ တက်ရောက်ခဲ့ကြပါတယ်။ ထို ဆန္ဒပြပွဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာကျောင်းတော်များ မီးရှို့ ဖျက်ဆီးခံရခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခံရခြင်း အပါအ၀င် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်း၊ တိုက်ခိုက်ခံရခြင်းများကို ကန့်ကွက်တဲ့ ငြိမ်းချမ်းသော ဆန္ဒပြပွဲ ဖြစ်ပါတယ်။
ဓါတ်ပုံ သတင်း - ဗုဒ္ဓဘာသာ တိုက်ခိုက်မှု ကနေဒါနိုင်ငံ ဆန္ဒပြ - Oct 16 2012 12:36 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012







