အစ္စလာမ်အဖွဲ့ ရုံးခွဲ မဖွင့်လှစ်ရန်အတွက် သံဃာများ ဆန္ဒပြ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများနဲ့ ဆက်စပ်ပြီး အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation) ရုံး မြန်မာပြည်တွင် လာရောက် ဖွင့်လှစ်နိုင်တဲ့ သတင်းများ ထွက်ပေါ်လာခြင်းနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၂၊ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခန့်မှ စတင်တဲ့ ထို ဆန္ဒပြပွဲတွင် သံဃာတော်များနဲ့ ပြည်သူ နှစ်ထောင်ခန့် ပါဝင်ခဲ့ပြီး ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးမှ စတင်ကာ ဆူးလေစေတီတော်အထိ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။
အလားတူ ဆန္ဒပြပွဲကို မန္တလေး၊ ပခုက္ကူ အပါအ၀င် အချို့မြို့များတွင် ကျင်းပခဲ့ကြပါတယ်။ ယခု ဆန္ဒပြပွဲဟာ တနိုင်ငံလုံး ၂၀၀၇ သံဃာ့လှုပ်ရှားမှုပုံစံမျိုး အတိုင်းအတာနဲ့ ပြုလုပ်တဲ့ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပါတယ်။
ရန်ကုန်နဲ့ စစ်တွေမြို့များတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရုံးများ ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးများက မီဒီယာများမှတဆင့် ထိုသို့ ဆန္ဒပြပွဲများ မကျင်းပမီ ရှင်းလင်း ပြောဆိုခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ၂၀၁၂၊ အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာသမ္မတရုံးက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်းဟာ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် ခွင့်ပြုမှာ မဟုတ်ကြောင်းထုတ်ပြန် ကြေငြာလိုက်ပါတယ်။
ဓါတ်ပုံ သတင်း - မြန်မာပြည်တွင် အစ္စလာမ်အဖွဲ့ ရုံးခွဲ မဖွင့်လှစ်ရန် သံဃာများ ဆန္ဒပြ - Oct 15 2012 06:50 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012







